တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် အတွင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် အတွင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်

နေပြည်တော်၊ စက်တင်ဘာ - ၈
    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမတွင်တွေ့ဆုံ၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့် သည်။
    
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက် ကြသည်။
    
ဦးစွာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို က ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီးနှိမ်နင်း ရေးကို အထူးစစ်ဆင်ရေးများဆောင်ရွက်၍ တိုက်ဖျက်ခဲ့သည့် အခြေအနေများ၊ ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည့် အခြေအနေများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေမှုများအပေါ် သုံးသပ်ချက် များနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များ၊ ဘိန်းစိုက်ပျိုးမှု ပပျောက်စေရေးနှင့် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးနိုင်ရေး ဒေသခံ များသို့ အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင် ပြသည်။
    
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခင်အခေါက် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကာလများအတွင်း ဖမ်းဆီးရမိခဲ့သည့် စုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၆၅၁ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးနိုင်ခဲ့ပြီး ပမာဏများပြားသည့်အတွက် ထိရောက် သည့် ရလဒ်ဖြစ်ကြောင်း၊ ထိုသို့ မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးရမိအောင် ဆောင်ရွက်နိုင်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဝင်များကို ချီးကျူးပါကြောင်း၊ တရားမဝင်လက်နက်ကိုင် အဖွဲ့အချို့သည် မူးယစ်ဆေးဝါးလုပ်ငန်းများမှ တစ်ဆင့် အဓိကဝင်ငွေရရှိနေသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ၂၀၁၈-၂၀၁၉ ခုနှစ်အစောပိုင်းကတည်းကပင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဖိဖိစီးစီးစတင်ဆောင်ရွက်ခဲ့ပြီး တွန်းအား ပေးလုပ်ဆောင်ခဲ့ကြောင်း။
    
ထို့ကြောင့် အခြေခံအကျဆုံးဖြစ်သည့် သတင်းရယူတည်ဆောက်ရေးကို ပြည်တွင်း၊ ပြည်ပပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး စနစ်တကျဖြင့် လက်တွေ့ကျကျ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ပြီး သတင်းအချက်အလက်ဖလှယ်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ သတင်း ရယူခြင်းသည် အဓိကအရေးကြီးပြီး သတင်းရရှိပြီးသည်နှင့် လက်လွတ်မှုမရှိရအောင် ထိထိရောက်ရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သတင်းရယူတည်ဆောက်မှုအနေဖြင့် မှတ်တမ်းတင်ခြင်းနှင့် မှတ်ပုံတင်ထားရှိခြင်းကို စနစ်တကျဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အတူ မြို့ရွာ လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် မူးယစ်ဆေးဝါး ကျော်ဇော သတင်းရှိသူများနှင့် လမ်းကြောင်းများကို မှတ်ပုံတင်ထားကြရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ထားမှသာလျင် ဆက်စပ်သူများကို လျင်မြန်စွာဖော်ထုတ်နိုင် မည်ဖြစ်ကြောင်း။
    
မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိသဖြင့် ဂုဏ်ယူနေရုံနှင့် မရဘဲ အမြစ် ပြတ်အောင် ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်နေသူများကို အကာအကွယ်ပေးနေသူများမှာ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ပြီး ၎င်းင်းတို့အကာအကွယ်ပေးထားသဖြင့် ယခုကဲ့သို့ ထုတ်လုပ်နိုင်ခြင်းဖြစ်သည့်အတွက် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
    
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဒေသအရေး၊ နိုင်ငံ့အရေး၊ အမျိုးသားရေးအဖြစ်ခံယူ၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီး အချိန်ကိုက် ဟန်ချက်ညီ ထိရောက်စွာ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေ သည့် ဒေသ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံစီးပွားရေးကို မြှင့်တင်ပေးရမည်ဖြစ် ကြောင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖြင့် မှာကြားသည်။
    
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။