ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၅၀၀)၌ COVID-19  ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၅၀၀)၌ COVID-19  ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ - ၈
    
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၅၀၀)သို့ ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ နှင့်အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါဆေးရုံရှိ တပ်မတော်ကပွဲရုံခန်းမ၌ COVID-19  ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန်အတွက် Quarantine  ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု၊ ဆေးဝါးများ နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါဆေးရုံ၌ ဆီးကျောက်တည်ခြင်း ရောဂါဖြင့် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဝန်းသို ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသုမာလာ အား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။