လန်ဒန်၊ ဘောလုံး
Football Transfer ကဖော်ပြခဲ့သည့် လာမည့် ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလ၌ ဖြစ်ပေါ်လာဖွယ်ရှိသည့် ထိပ်တန်း ကစားသမားအပြောင်း အရွှေ့ငါးခုတွင် အမ်ဘတ်ပီ၊ ကွန်ဒီ၊ ပေါ့ဂ်ဘာ၊ ဖာတီနှင့်ဟာလန်းတို့ပါဝင်နေကြောင်း သိရသည်။
ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့ ကာလက မက်ဆီ၊ စီရော်နယ်ဒို၊ ရာမို့စ်၊ လူကာကူ၊ ဂရီးလစ်ရှ် စသည့် ထိပ်တန်းကစားသမားများ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့သကဲ့သို့ လာမည့် ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင်လည်း ထိပ်တန်းကစားသမားများအနေဖြင့် အသင်း ပြောင်းရွှေ့ဖွယ်ရှိနေသည်။
ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစားသမား အပြောင်းအရွှေ့ဖြစ်လာဖွယ်ရှိသည့် အပြောင်းအရွှေ့ ငါးခုတွင် အမ်ဘတ်ပီက ထိပ်ဆုံး၌ပါဝင်နေကာ ၎င်းသည် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိပြီး ပြီးခဲ့ သည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလ ကတည်းက ပီအက်စ်ဂျီအသင်းမှထွက်ခွာရန် နီးစပ် ခဲ့ခြင်းဖြစ်သည်။
အမ်ဘတ်ပီအနေဖြင့် ပီအက်စ်ဂျီအသင်းနှင့်စာချုပ် သက်တမ်းတိုးရန် အစီအစဉ်မရှိခြင်းကြောင့် ယခု ဘောလုံးရာသီကုန်ဆုံးလျှင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရမည့်အခြေအနေဖြစ်နေသဖြင့် ပီအက်စ်ဂျီအသင်းကလည်း ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် မဖြစ်မနေ ရောင်းချရန်ပြင်ဆင်နေပြီး ရီးယဲလ်မက်ဒရစ်အသင်းအပြင် လီဗာပူးနှင့်မန်စီးတီး အသင်းတို့ ကလည်း စောင့်ကြည့်လျက်ရှိသည်။
အလားတူ ယခုဘောလုံးရာသီကုန်ဆုံးလျှင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ပေါ့ဂ်ဘာသည်လည်း အသင်းမှ သက်တမ်းတိုးစာချုပ် ကမ်းလှမ်းမှုကို အကြိမ်ကြိမ်ငြင်းဆိုထားပြီး ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီ သို့မဟုတ် ရီးယဲလ်မက်ဒရစ်အသင်းတို့နှင့် အပြောင်း အရွှေ့ဖြစ်မြောက်ဖွယ်ရှိနေသည်။
ဟာလန်းအနေဖြင့်လည်း ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ကစားစဉ်ကလည်း ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှ နည်းပါးသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ထွက်ခွာနိုင်သောအချက် ကို ထည့်သွင်းချုပ်ဆိုထားသည့်အတွက် ပရီးမီးယား လိဂ်ထိပ်တန်းအသင်းကြီးများအပြင် ရီးယဲလ်မက်ဒရစ်အသင်းသို့လည်း ပြောင်းရွှေ့ကစားဖွယ်ရှိ နေခြင်းဖြစ်သည်။
ထို့အတူ ဘာစီလိုနာအသင်းမှ ဖာတီသည်လည်း ဘောလုံးရာသီကုန်ဆုံးလျှင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်သည့် အခြေအနေကြောင့် ဘာစီလိုနာ အသင်းအနေဖြင့် ဖာတီကို လက်လွှတ်ရဖွယ်ရှိနေ သကဲ့သို့ ဆီဗီလာအသင်းမှ ကွန်ဒီသည်လည်း ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း သိရသည်။
Ref;Football Transfer