ယနေ့ကာလတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပြည်တွင်းဈေးကွက် အတွင်းသို့ တင်ပို့ရောင်းချရာတွင်ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်း ပေးနိုင်ရန်အတွက် သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်အား အသိပေး တင်ပြအပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် သမဝါယမ အသင်းစုချုပ်များနှင့် ညှိနှိုင်းပြီး ပို့ဆောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ယင်းကိစ္စရပ်များကို ဆောင်ရွက်ရာတွင် သမဝါယမ၏ မူတစ်ရပ်ဖြစ်သော No Profit, No Lossဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ တောင်သူလယ်သမားများ အနေဖြင့် မိမိတိ့ု၏ စိုက်ပျိုးထုတ်ကုန်များ ရောင်းချလိုပါက ရှမ်းပြည်နယ်အတွက် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန(ဖုန်း-ဝ၈၁-၂၁၂၁၆၇၂)နှင့် ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ (ဖုန်း-ဝ၉-၅၂၁၄၃၇၃)သို့ လည်းကောင်း၊ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များအတွက် တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမ ဦးစီးဌာနများနှင့် အသင်းစုချုပ်များ၊ သမဝါယမ ဦးစီးဌာန(ရုံးချုပ်)(ဖုန်း-ဝ၆၇-၄၁ဝ၃၄၁) သို့ ဆက်သွယ် အကူအညီ ရယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
သမဝါယမဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန