ဘာစီလိုနာအသင်း တိုက်စစ်မှူး ဘရိုက်ဝှိုက် အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် ရရှိသည့် ဒူးဒဏ်ရာကြောင့် လေးလခန့်အထိ အနားယူရမည်
ဘာစီလိုနာအသင်း တိုက်စစ်မှူး ဘရိုက်ဝှိုက်သည် အသင်းလေ့ကျင့်ရေး အစီအစဉ်တွင်ရရှိသည့် ဒူးဒဏ်ရာ ကြောင့် လေးလခန့်အထိ အနားယူရမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းမှ ထုတ်ပြန်ခဲ့သည်။
အသက် ၃ဝ နှစ်အရွယ် ဘရိုက်ဝှိုက်သည် ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလက လီဂါနက်အသင်းမှ ဘာစီ လိုနာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ပြီးခဲ့သည့် ဘောလုံး ရာသီဝက်နောက်ပိုင်းတွင်လည်း အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည်။
ယခုဘောလုံး ရာသီတွင်လည်း မက်ဆီမရှိတော့သည့် ဘာစီလိုနာအသင်း တိုက်စစ်ပိုင်း၌ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး စပိန် လာလီဂါ ပွဲစဉ်သုံးပွဲ ပါဝင်ကစားခဲ့ကာ နှစ်ဂိုးသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်သည့်အတွက် ဘရိုက်ဝှိုက်ကာလရှည် ဒဏ်ရာရရှိခဲ့ခြင်းမှာ ဘာစီလိုနာ အသင်းတိုက်စစ်ပိုင်းအတွက် ထိုးနှက်ချက်ဖြစ်လာ သည်။
ဘရိုက်ဝှိုက်ဒဏ်ရာ ရရှိပြီးနောက် ဘာစီလိုနာ အသင်းတိုက်စစ်ပိုင်း၌ ဒဏ်ရာရ ကစားသမား များလာပြီး အစောပိုင်းက အဓိက လူငယ်ကစားသမား ဖာတီ ကာလရှည် အနားယူနေရသကဲ့သို့ အသစ်ခေါ်ယူ ထားသည့် အဂူရိုလည်း ဒဏ်ရာကြောင့် အနားယူနေရကာ အောက်တိုဘာလအတွင်းမှသာ စတင်ကစားဖွယ် ရှိကြောင်း သိရသည်။