မန်စီးတီးအသင်းက ဖာနန်ဒင်ဟို၏ နေရာ၌အစားထိုးရန် ဝက်စ်ဟမ်းအသင်းမှ ဒီကလန်ရိုဒ်ကို လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ပြင်ဆင်ထား

မန်စီးတီးအသင်းက ဖာနန်ဒင်ဟို၏ နေရာ၌အစားထိုးရန် ဝက်စ်ဟမ်းအသင်းမှ ဒီကလန်ရိုဒ်ကို လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ပြင်ဆင်ထား

မန်စီးတီးအသင်းက   အသင်း ဝါရင့်ကွင်းလယ် ကစားသမား  ဖာနန်ဒင်ဟို၏ နေရာ၌အစားထိုးရန် ဝက်စ်ဟမ်းအသင်းမှ ဒီကလန်ရိုဒ်ကို လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁ဝဝ အထိပေးချေပြီး  ခေါ်ယူရန်ပြင်ဆင်ထားကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြနေသည့် ဒီကလန်ရိုဒ်ကို ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလကတည်းက မန်ယူအသင်းက  ခေါ်ယူရန် သတင်းများ ထွက်ပေါ်ခဲ့ပြီး   မန်ယူအသင်းက လာမည့်ဇန်နဝါရီ ကစားသမား အပြောင်း အရွှေ့ကာလတွင် အသင်းမှ တောင်ပံကစားသမား လင်ဂတ်ကို အလိုက်ပေးပြီး  ကမ်းလှမ်းရန် ပြင်ဆင် ထားခြင်းဖြစ်သည်။

မန်စီးတီးအသင်းကလည်း    မန်ယူအသင်းနှင့် အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်လာကာ ဖာနန်ဒင်ဟိုသည်  ယခုဘောလုံး ရာသီကုန်တွင်   အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လမ်းခွဲမည့် အခြေအနေများကြောင့်  ဒီကလန်ရိုဒ်နှင့် အစားထိုး လိုခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည်   ဝက်စ်ဟမ်းအသင်း  မက်မောလောက်သည့်  ပြောင်းရွှေ့ကြေး စတာလင် ပေါင် သန်း ၁ဝဝ ဖြင့်   ခေါ်ယူရန် ပြင်ဆင်လာ ခြင်းဖြစ်ပြီး ဒီကလန်ရိုဒ် ကိုယ်တိုင်ကလည်း နွေရာသီ    ကစားသမား  အပြောင်းအရွှေ့ ကာလကတည်းက အသင်းမှထွက်ခွာခွင့် တောင်းဆိုထားရာ မပြောင်းရွှေ့ဖြစ်သော်လည်း လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ထွက်ခွာဖွယ် ရှိကြောင်း သိရသည်။