မင်းဘူးမြို့ရှိ ပွဲရုံများသို့ တစ်ရက်လျှင် ငရုတ်သီးစိမ်း ပိဿာချိန် ၇ဝဝဝ ကျော် ဝင်ရောက်
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ပွဲရုံ များသို့ တစ်ရက်လျှင် ငရုတ်သီးစိမ်းပိဿာ ချိန် ၇ဝဝဝ ကျော် ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်း ပြန်လည် ကျဆင်းသွားကြောင်း မင်းဘူးမြို့ အမှတ် (၄) ပွဲရုံပိုင်ရှင် ဒေါ်လဲ့ ၏ ပြောကြားချက်အရ သိရသည်။
''ကျွန်မတို့ပွဲရုံမှာ ငရုတ်သီးစိမ်း၊ ငရုတ် သီးခြောက်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ ပန်းသီး၊ လိမ္မော် သီးနဲ့ နဂါးမောက်သီးတွေ နယ်စုံကနေ ဝင်ရောက်နေပါတယ်။ ငရုတ်သီးစိမ်းက တော့ ကျွန်မရဲ့ ပွဲရုံတစ်ခုတည်းကို ပိဿာ ချိန် ၄ဝဝဝ ကျော်ဝင်ရောက်နေပြီး တခြား ပွဲရုံတွေပါပေါင်းရင် တစ်ရက်ကို ပိဿာချိန် ၇ဝဝဝ ကျော်လောက် ဝင်ရောက်ပါတယ်။ လက်ရှိမှာ ငရုတ်သီးစိမ်းဈေး ပြန် ကျနေပါတယ်'' ဟု ဒေါ်လဲ့ကပြောသည်။
ငရုတ်သီးစိမ်းကို ပျဉ်းမနား၊ မန္တလေး တိုင်းဒေသကြီး ရမည်းသင်း၊ ပျော်ဘွယ် မြို့နယ်များနှင့် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ မှ တောင်သူများကိုယ်တိုင် လာရောက် ရောင်းချလျက်ရှိပြီး တစ်ပိဿာလျှင် လက် ကားဈေး ငွေကျပ် ၆ဝဝ ခန့်သာ ရှိကြောင်း သိရသည်။
ငရုတ်သီးစိမ်းများကို ပွဲရုံများမှ ပြန်လည်ရောင်းချပါက လက်လီဈေး တစ် ပိဿာလျှင် ငွေကျပ် ၈ဝဝ ရှိပြီး လက်ကား ဈေး ငွေကျပ် ၇ဝဝ ရှိကာ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနှင့်အမ်း စသည့်မြို့များသို့ အများဆုံး တင်ပို့ရောင်းချရကြောင်း သိရသည်။