မန်ယူအသင်း ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ဇ်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေပြီး ယခုနှစ်မကုန်မီ အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ဖွယ် ရှိနေ

မန်ယူအသင်း ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ဇ်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေပြီး ယခုနှစ်မကုန်မီ အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ဖွယ် ရှိနေ

မန်ယူအသင်းသည် အသင်းမှ အဓိက ကွင်းလယ် ကစားသမား ဘရူနိုဖာနန်ဒက်ဇ်ကို လုပ်ခလစာတိုးမြှင့် ပေးပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်နေကာ ယခုနှစ်မကုန်မီ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ဖွယ် ရှိနေကြောင်း  အီတလီနိုင်ငံမှ  အားကစားသတင်းထောက်  ဖာရီဇီယိုရိုမာနို၏ ပြောကြား ချက်အရ သိရသည်။

အသက် ၂၇ နှစ်အရွယ် ဘရူနိုဖာနန်ဒက်ဇ်သည် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ ကာလက စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားပြီး အသင်းနှင့်အတူ အမြန်ဆုံး  အထိုင်ကျ ခြေစွမ်းပြကစားနိုင်ခဲ့ကာ  အဓိက ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

ဖာရီဇီယိုရိုမာနိုက ''မန်ယူအသင်းနဲ့ ဖာနန်ဒက်ဇ်ရဲ့ အေးဂျင့်တို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စာချုပ်သက် တမ်းတိုးဖို့ဆွေးနွေးနေတာပါ။ သူတို့ဆွေးနွေးမှုက တိုးတက်မှုရှိနေပြီး အပေါင်းလက္ခဏာ ဆောင်နေပါတယ်။   ဘရူနိုဖာနန်ဒက်ဇ် ကိုယ်တိုင်ကလည်း  မန်ယူအသင်းမှာ ဆက်ကစားဖို့ ဆန္ဒရှိနေပါတယ်။ မန်ယူအသင်းနဲ့ ဘရူနိုဖာနန်ဒက်ဇ်တို့  ဒီနှစ်မကုန်ခင် လက်မှတ်ရေး ထိုးနိုင်ပါလိမ့်မယ်''ဟု ပြောသည်။ မန်ယူအသင်းသည် ဘရူနိုဖာနန်ဒက်ဇ် အပြင် ပေါ့ဂ်ဘာကိုလည်း သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန်  ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။          

  Ref;Sky Sports