ဥရောပထိပ်တန်း လိဂ်ငါးခုစာရင်း၌ ပြင်သစ်လီဂူးပြိုင်ပွဲ မပါဝင်သော်လည်း ယခုဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အဆင့်သတ်မှတ်ချက်တွင် ပီအက်စ်ဂျီအသင်း ထိပ်ဆုံးမှ ဦးဆောင်

ဥရောပထိပ်တန်း လိဂ်ငါးခုစာရင်း၌ ပြင်သစ်လီဂူးပြိုင်ပွဲ မပါဝင်သော်လည်း ယခုဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အဆင့်သတ်မှတ်ချက်တွင် ပီအက်စ်ဂျီအသင်း ထိပ်ဆုံးမှ ဦးဆောင်

ပြင်သစ်လီဂူးပြိုင်ပွဲသည် ဥရောပဘောလုံးအဖွဲ့ချုပ်၏ အဆင့်သတ်မှတ်ချက်အရ ယခုဘောလုံး ရာသီတွင် ဥရောပထိပ်တန်းလိဂ် ငါးခုစာရင်း၌ မပါဝင် တော့ဘဲ အဆင့်(၆)နေရာသို့ ကျဆင်းခဲ့ရသော်လည်း ၂ဝ၂၁-၂ဝ၂၂ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း အဆင့်သတ်မှတ်ချက်တွင်    ပြင်သစ်လီဂူးပြိုင်ပွဲမှ ပီအက်စ်ဂျီအသင်းက ထိပ်ဆုံးမှ ဦးဆောင်ခဲ့ကြောင်း သိရသည်။

ယခုလအတွင်း   ထုတ်ပြန်ခဲ့သည့် ဥရောပလိဂ် အဆင့်သတ်မှတ်ချက်များအရ  ပြင်သစ်လီဂူးပြိုင်ပွဲသည် အဆင့်တစ်ဆင့်နိမ့်ကျခဲ့ပြီး အဆင့်(၆)နေရာ၌ ကျရောက်ခဲ့သောကြောင့် ဥရောပထိပ်တန်းလိဂ် ငါးခု စာရင်းတွင်မပါဝင်တော့ဘဲ ပေါ်တူဂီပရီးမီးယားလိဂ် ပြိုင်ပွဲက  အဆင့်(၅)နေရာ ဝင်ရောက်လာခဲ့ခြင်း ဖြစ် သည်။

သို့သော် ပီအက်စ်ဂျီအသင်းသည် ယခုနှစ်ကစားသမား အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစား သမားများဖြစ်သည့် ဂိုးသမား ဒွန်နာရမ်မာနှင့်အတူ ခံစစ်ကစားသမား ဟာကီမီ၊ ရာမို့စ်၊ ကွင်းလယ်ကစား သမား ဝင်နယ်ဒမ်၊ တောင်ပံကစားသမား မန်ဒက်နှင့် တိုက်စစ်ကစားသမား  မက်ဆီတို့ကို ခေါ်ယူနိုင်ခဲ့ပြီး နောက် ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်လာခဲ့သကဲ့သို့ ၂ဝ၂၁-၂ဝ၂၂ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်  ၃၂ သင်း၏  အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးမှ ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။

၂ဝ၂၁-၂ဝ၂၂ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်အသင်း ၃၂ သင်း၏  အဆင့်သတ်မှတ်ချက်များ အရ   ထိပ်ဆုံး ၁ဝ သင်းစာရင်းတွင် ပရီးမီးယားလိဂ်မှ လေးသင်း စလုံးပါဝင်လာပြီး  စပိန်လာလီဂါမှ သုံးသင်း၊ စီးရီး အေပြိုင်ပွဲမှ နှစ်သင်းနှင့် ပြင်သစ်လီဂူးပြိုင်ပွဲမှ တစ်သင်း ပါဝင်ခဲ့သည်။

၂ဝ၂၁-၂ဝ၂၂ ချန်ပီယံလိဂ်ပြိုင်ပွဲ  ထိပ်ဆုံး ၁ဝ သင်းစာရင်းတွင်    ပီအက်စ်ဂျီ အသင်းနောက်၌ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ် အသင်းက အဆင့် (၂)၊ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်များဖြစ်သည့် မန်စီးတီးအသင်းက  အဆင့်(၃)၊  လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းက အဆင့် (၄)၊ အက်သလက်တီကို အသင်းက အဆင့်(၅)၊ မန်ယူအသင်းက အဆင့်(၆)၊ လီဗာပူးအသင်းက  အဆင့်(၇)၊ ရီးယဲလ်မက်ဒရစ် အသင်းက အဆင့်(၈)၊ အင်တာမီလန်အသင်းက အဆင့်(၉)နှင့် ဆီဗီလာအသင်းက အဆင့် (၁ဝ)နေရာ၌ ရပ်တည်ခဲ့ကြသည်။

ထို့နောက်   ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ ဒေါ့မွန်၊ ဗီလာရီးယဲလ်၊ အေစီမီလန်၊အတ္တလန္တာ၊ လိုက်ပဇစ်၊ စပို့တင်းလစ္စဘွန်း၊ လိုင်လီ၊ ပေါ်တို၊ ဘင်ဖီကာ၊ အေဂျက်၊ ဇင်းနစ်၊ ဝုဖ်ဘတ်၊ ဆဲလ်ဘတ်၊ ဘီဆစ်တပ်၊ ဒိုင်နမိုကိဗ်၊  ရှက်တာဒိုးနက်စ်၊ ဘရုဂျက်၊ မယ်မို၊  ယန်းဘွိုင်းနှင့် ရှရစ်အသင်းတို့က အစဉ်လိုက်ရပ်တည် ခဲ့ကြကြောင်း သိရသည်။

Ref;Fotomobo.com