တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏(၄၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ - ၁၈
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏(၄၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက (၄၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အရာရှိ၊ စစ်သည်များအား ဝတ်စုံများနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် အရာရှိ၊စစ်သည်များ၊ စိုက်ပျိုး/မွေးမြူရေးတွင် အကောင်းဆုံး ဆုရရှိသည့် အိမ်ထောင်သည် ရဲမေများအား ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြကြောင်း သတင်းရရှိသည်။