စပိန်လာလီဂါပြိုင်ပွဲ သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံပွဲပေါင်း ၂ဝဝ ဆက်တိုက်ပါဝင် ကစားနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် ဘီလ်ဘာအိုအသင်း တိုက်စစ်မှူး ဝီလီယံ စံချိန်တင်

စပိန်လာလီဂါပြိုင်ပွဲ သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံပွဲပေါင်း ၂ဝဝ ဆက်တိုက်ပါဝင် ကစားနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် ဘီလ်ဘာအိုအသင်း တိုက်စစ်မှူး ဝီလီယံ စံချိန်တင်

ဘီလ်ဘာအိုအသင်း ဝါရင့်တိုက်စစ်မှူး ဝီလီယံသည်  စက်တင်ဘာ ၁၈ ရက်ညက ကစားသည့် ဘီလ်ဘာအိုအသင်းနှင့်    အက်သလက်တီကို အသင်းတို့ပွဲစဉ်၌ ပါဝင်ကစားပြီးနောက်     စပိန်လာလီဂါ ပြိုင်ပွဲသမိုင်း တစ်လျှောက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂ဝဝ ဆက်တိုက် ပါဝင်ကစားနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ် ဝီလီယံသည် ၂ဝ၁၄ ခုနှစ်က  ဘီလ်ဘာအိုအသင်း၌   စတင်ပါဝင် ကစားခဲ့သူ ဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ဧပြီလနောက်ပိုင်း ဘီလ်ဘာအို အသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲစဉ်တိုင်းတွင် ပါဝင်ကစားခဲ့ရာ     အက်သလက်တီကို အသင်းနှင့်ပွဲစဉ်၌   ပါဝင်ကစားပြီးနောက်  ပြိုင်ပွဲစုံ ပွဲပေါင်း ၂ဝဝ ဆက်တိုက် ပါဝင်ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝီလီယံအနေဖြင့် ၂ဝ၁၆ ခုနှစ် ဧပြီလနောက်ပိုင်း ပွဲစဉ်များ၌ ဒဏ်ရာရရှိခြင်း မရှိဘဲ ပွဲပေါင်း ၂ဝဝ ဆက်တိုက် ပါဝင်ကစားခဲ့ပြီးနောက် လက်ရှိဘောလုံး လောကတွင်  ကြံ့ခိုင်မှုအရှိဆုံး ကစားသမားအဖြစ်  ရပ်တည်လျက်ရှိသည်။

တိုက်စစ်မှူး ဝီလီယံသည် ဘီလ်ဘာအိုအသင်းနှင့် အတူ ပြိုင်ပွဲစုံ ၃ဝ၅ ပွဲအထိ ပါဝင်ကစား ပေးထားပြီး ဂိုးပေါင်း  ၆၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။