ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးကန် ရေရှည်တည်တံ့သန့်ရှင်းစေရေးအတွက် ဒိုက်နှင့်ဗေဒါရှင်းစက်များနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု ပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ- ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးကန် ရေရှည်တည်တံ့သန့်ရှင်းစေရေး အထောက်အကူပြုစေရန် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီး၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့၊ အင်းလေးကန်ဟိုတယ်ဇုံ စက်လှေဆိပ်သို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်လှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီး၊ Surgical Mask ၂၀၀၀၀ ခု၊ N-95 Mask ၁၀၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride(10-15%)(15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ခု၊ Hand Sanitizer ၁၅၀ ဘူးနှင့် Personal Protective Equipment(PPE) ၃၀၀ စုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာ လက်ဆောင်နှင့် စားသောက်ဖွယ်ရာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူးက ပေးအပ်လှူဒါန်းခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သတင်းရရှိသည်။