နေပြည်တော် သြဂုတ် ၅
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော် မတီသည် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးနှင့် တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဥပဒေကြမ်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်း အောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်းပူးပေါင်း ကော်မတီဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူးနှင့်ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။