ယူ-၂၃ အာရှဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ မြန်မာအသင်း ပါဝင်သည့် အုပ်စု (I)  ကျင်းပမည့် နိုင်ငံနှင့် ကာလပြောင်းလဲ

ယူ-၂၃ အာရှဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ မြန်မာအသင်း ပါဝင်သည့် အုပ်စု (I)  ကျင်းပမည့် နိုင်ငံနှင့် ကာလပြောင်းလဲ

အာရှဘောလုံးအဖွဲ့ချုပ်က ယူ-၂၃ အာရှ ဖလားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (ှု)ကျင်းပမည့်    နိုင်ငံနှင့် ကာလပြောင်းလဲခဲ့ သည့်အတွက် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအနေဖြင့်    အုပ်စုအဖွင့်ပွဲစဉ်ကို အောက်တိုဘာ ၃ဝ ရက်မှသာ စတင်ကစား ရမည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ် အနေဖြင့် အစောပိုင်းက မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း ပါဝင်သည့် အုပ်စု (I) ကို တရုတ် (တိုင်ပေ) ၌ကျင်းပရန်   သတ်မှတ်ထားသော်လည်း  တရုတ် (တိုင်ပေ) က ကိုဗစ်-၁၉  ရောဂါ အခြေအနေကြောင့် အိမ်ရှင်အဖြစ်မှ နုတ် ထွက်ခဲ့သည့်အတွက်    ဗီယက်နမ်နိုင်ငံ၌ ကျင်းပရန် ဆွေးနွေးခဲ့သော်လည်း အဆင် မပြေသောကြောင့်    ကြားနိုင်ငံအဖြစ်    ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပရန်  ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက   ယူ-၂၃    အာရှဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (ှု) တွင်  မြန်မာ၊ တရုတ် (တိုင်ပေ)၊  ဗီယက်နမ်နှင့် ဟောင်ကောင်အသင်းတို့   ပါဝင်ခဲ့သော် လည်း မြောက်ကိုရီးယားအသင်းက ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့်အတွက် အာရှဘောလုံး အဖွဲ့ချုပ်က  အုပ်စုအပြောင်းအလဲ တချို့  ပြုလုပ်ခဲ့ပြီး ဟောင်ကောင်အသင်းကို တခြား အုပ်စုတွင် သွားရောက်ကစားရန် သတ်မှတ်ခဲ့သဖြင့်  အုပ်စု  (I)  ၌  သုံးသင်းဖြင့်သာ ကျင်းပမည်ဖြစ်သည်။

အစောပိုင်းက အာရှဘောလုံးအဖွဲ့ချုပ် က အုပ်စု (ှု) အုပ်စုပွဲစဉ်များကို အောက် တိုဘာ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပရန် သတ်မှတ်ထားသော်လည်း   အိမ်ရှင် နိုင်ငံအပြောင်းအလဲကြောင့် ပြိုင်ပွဲကျင်းပမည့် ကာလကိုလည်း အပြောင်းအလဲပြုလုပ် ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲ၌    မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲစဉ် အဖြစ်  အောက်တိုဘာ  ၃ဝ  ရက်တွင် တရုတ် (တိုင်ပေ) အသင်းနှင့် စတင်ကစား ရမည်ဖြစ်ပြီး နိုဝင်ဘာ ၂ ရက်တွင် ဗီယက် နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

ယူ-၂၃   အာရှဖလားဘောလုံးပြိုင်ပွဲ  ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်   မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းကို နည်းပြချုပ် အဖြစ်  ပိုပေါ့က  တာဝန်ယူကိုင်တွယ်မည် ဖြစ်ပြီး ပြိုင်ပွဲအတွက် စက်တင်ဘာလဆန်း ပိုင်းကတည်းက ပဏာမ ကစားသမားဦးရေ ၃ဝ  ခန့်ဖြင့်  စခန်းသွင်း လေ့ကျင့်မှုများ  ပြုလုပ်လျက်ရှိကြောင်း သိရသည်။