ချယ်လ်ဆီးအသင်း အဓိက ကွင်းလယ် ကစားသမား ကန်တီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခဲ့သည့်အတွက် ဆောက်သမ်တန် အသင်းနှင့် ပွဲစဉ်အပြင် နိုင်ငံတကာ ပွဲစဉ်များကိုလည်း လွဲချော်မည်

ချယ်လ်ဆီးအသင်း အဓိက ကွင်းလယ် ကစားသမား ကန်တီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခဲ့သည့်အတွက် ဆောက်သမ်တန် အသင်းနှင့် ပွဲစဉ်အပြင် နိုင်ငံတကာ ပွဲစဉ်များကိုလည်း လွဲချော်မည်

ချယ်လ်ဆီးအသင်း အဓိက ကွင်းလယ်ကစားသမား ကန်တီသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခဲ့သည့်အတွက်   ဆောက်သမ်တန် အသင်းနှင့်ကစားမည့်     ပွဲစဉ်အပြင် နိုင်ငံတကာ ပွဲစဉ်များကိုလည်း လွဲချော်မည်ဟု ချယ်လ်ဆီးအသင်းက အတည်ပြုခဲ့ကြောင်း သိရသည်။

ကန်တီသည် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ် အသင်းနှင့် ကစားမည့်ပွဲစဉ် မတိုင်မီ    နာမကျန်းဖြစ်ခဲ့သည့်အတွက်   ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ Positive  ရလဒ်ထွက်ပေါ်ခဲ့၍  လက်ရှိတွင်  တစ်ဦးတည်း သီးသန့်နေထိုင်ပြီး ဆေးဝါးကုသမှု ခံယူနေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်သည့် ဂျူဗင်တပ်စ်အသင်းနှင့် ကစားပြီးပါက ပရီးမီးယား လိဂ်ပွဲစဉ်အဖြစ် အောက်တိုဘာ ၂ ရက်တွင် ဆောက် သမ်တန်အသင်းနှင့် ကစားရမည်ဖြစ်ပြီး  အဆိုပါပွဲစဉ်ပြီးလျှင် နိုင်ငံတကာ ပွဲစဉ်များ  ကစားရမည်ဖြစ်သည့် အတွက်  ကန်တီအနေဖြင့် နိုင်ငံတကာ ပွဲစဉ်များပြီးမှသာ ချယ်လ်ဆီးအသင်းနှင့်အတူ ပွဲစဉ်များပြန်လည် ကစားနိုင်မည်ဖြစ်သည်။

ကန်တီသည်   ဗြိတိန်အစိုးရက  သတ်မှတ်ထားသည့်အတိုင်း စောင့်ကြည့်ကာလ ဝင်ရောက်ရမည် ဖြစ်သည့်အတွက် ပြင်သစ်အသင်းနှင့်အတူ နိုင်ငံတကာ ပွဲစဉ်များကိုလည်း   လွဲချော်မည်ဖြစ်ကြောင်း  သိရသည်။                         

  Ref;Sky Sports