ယူရို ၂ဝ၂ဝ ချန်ပီယံအသင်းနှင့် တောင်အမေရိက ချန်ပီယံအသင်းတို့ စူပါဖလား ဗိုလ်လုပွဲစဉ်အဖြစ် ၂ဝ၂၂ ခုနှစ် ဇွန်လအတွင်း ယှဉ်ပြိုင်ကစားမည်

ယူရို ၂ဝ၂ဝ ချန်ပီယံအသင်းနှင့် တောင်အမေရိက ချန်ပီယံအသင်းတို့ စူပါဖလား ဗိုလ်လုပွဲစဉ်အဖြစ် ၂ဝ၂၂ ခုနှစ် ဇွန်လအတွင်း ယှဉ်ပြိုင်ကစားမည်

ယခုနှစ်တွင် ကျင်းပပြီးစီးခဲ့သည့် တောင်အမေရိက ဖလားပြိုင်ပွဲ၌ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် အသင်းနှင့် ယူရို ၂ဝ၂ဝ ပြိုင်ပွဲ၌   ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ သည့် အသင်းတို့အနေဖြင့်  ပထမအကြိမ် စူပါဖလား ဗိုလ်လုပွဲစဉ်အဖြစ်  ၂ဝ၂၂ ခုနှစ် ဇွန်လတွင်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ကျင်းပခဲ့သည့်   ဥရောပတိုက်မှ ယူရို ၂ဝ၂ဝ ပြိုင်ပွဲ၌ အီတလီအသင်းသည် အုပ်စုပွဲစဉ်များမှ စတင်ပြီး  ဗိုလ်လုပွဲစဉ်အထိ တစ်ပွဲမျှရှုံးပွဲမရှိ ဘဲ  ဗိုလ်လုပွဲစဉ်၌  အင်္ဂလန်အသင်းကို အနိုင်ရရှိပြီး  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အလားတူ တောင်အမေရိကဇုန်မှ တောင်အမေရိက ဖလားပြိုင်ပွဲ၌လည်း  အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲစဉ်တွင်  ဘရာဇီးအသင်းကို  အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲနှစ်ခုကို ဇွန်လနှင့် ဇူလိုင်လတို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး    ယင်းပြိုင်ပွဲနှစ်ခု အပြီးတွင် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က    ဥရောပ ဘောလုံးအဖွဲ့ချုပ်ထံ    တောင်အမေရိကချန်ပီယံ အသင်းနှင့် ယူရို ၂ဝ၂ဝ ချန်ပီယံအသင်းတို့   စူပါ ဖလားဗိုလ်လုပွဲစဉ်အဖြစ် ကစားရန် အကြောင်းကြား ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်၏ အကြောင်းကြားဆွေးနွေးမှုကို ဥရောပဘောလုံး အဖွဲ့ချုပ်ကလည်း သဘောတူလက်ခံခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ စူပါဖလား ဗိုလ်လုပွဲအမည်ဖြင့်  ကျင်းပရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။  ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်ကလည်း စူပါဖလားဗိုလ်လုပွဲ အမည်ဖြင့်ကျင်းပခြင်းကို ခွင့်ပြုခဲ့ပြီးနောက် နှစ်ဖက်ဘောလုံး အဖွဲ့ချုပ်တို့ကြား  ပြိုင်ပွဲကျင်းပရန် ဆက်လက်ဆွေးနွေး မှုများ ပြုလုပ်ကာ ၂ဝ၂၂ ခုနှစ်   ဇွန်လအတွင်း  ကစားရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကျင်းပမည့်လကို သဘောတူညီမှု ရရှိခဲ့သော်လည်း ကျင်းပမည့် ကွင်းနှင့်အချိန်ကို နှစ်ဖက်ဘောလုံး အဖွဲ့ချုပ်တို့    ဆက်လက်ဆွေးနွေးမည် ဖြစ်ပြီး   အီတလီအသင်းနှင့် အာဂျင်တီးနား အသင်းတို့  နိုင်ငံတကာပွဲစဉ်များ ကစားရန် မရှိသည့် ကြားရက်တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

တောင်အမေရိက ချန်ပီယံအသင်းနှင့် ယူရိုချန်ပီယံ အသင်းတို့အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှလွဲ၍  တွေ့ဆုံခြင်းမရှိခဲ့ဘဲ  ယခုအခါ  ပထမအကြိမ်အဖြစ် စူပါဖလား ဗိုလ်လုပွဲအမည်ဖြင့် တိုက်ကြီးနှစ်ခု၏ ချန်ပီယံအသင်း နှစ်သင်း ယှဉ်ပြိုင်ကစားမည်ဖြစ် ပြီး အာဂျင်တီးနားအသင်းနှင့် အီတလီအသင်းတို့အနေဖြင့်  ပထမဆုံး   စူပါဖလား ချန်ပီယံအဖြစ် အသင်းတစ်သင်းက  မှတ်တမ်းဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။                 

Ref;The Athletic