ကရင်ပြည်နယ်အတွင်းရှိ ပရဟိတဂေဟာငါးခုအား ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်အတွင်း ပရဟိတဂေဟာငါးခုအတွက် COVID-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ထောက်ပံ့ငွေပေးအပ်ပွဲကို စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် ဘားအံမြို့ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ  ထောက်ပံ့ငွေပေးအပ်ပွဲကို ဗီဒီယိုကွန်ဗင်းရှင်း အစီအစဉ်ဖြင့် နေပြည်တော်ရုံးမှ ကရင် ပြည်နယ်နှင့် ကချင်ပြည်နယ် နှစ်ပြည်နယ်အတွက် ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကရင် ပြည်နယ်တွင် ဇောတိကရာမ (ကော့ကရိတ်)၊ တောင်တန်းသာသနာပြု(ဘားအံ)၊ ကာ့ဝန်းနှင့် မိကြောင် (လှိုင်းဘွဲ့မြို့နယ်)၊ အေးသုခ (ဖာပွန်မြို့နယ်)စသည့်ပရဟိတဂေဟာများအတွက် ငွေကျပ် ၃၆ သိန်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂေဟာအလိုက် ထောက်ပံ့ပေးအပ် ကြောင်း သိရသည်။