ကျောင်းကုန်းမြို့ရှိ ဒေသခံပြည်သူများထံသို့ Mask များ အခမဲ့ ပေးဝေ လှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၃
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံ အကျဆုံးမှာ Mask များ တပ်ဆင်အသုံးပြုခြင်းပင်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အရည်အသွေး ကောင်းမွန်သည့် Mask များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသ ကြီး၊ ကျောင်းကုန်းမြို့ရှိ လူစည်းကာရာ လမ်းများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက သွားရောက်၍ Mask ၁၀၀၀ ခုအား ဒေသခံ ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။