စီရော်နယ်ဒိုကို လှောင်ပြောင်လိုခြင်း မဟုတ်ဘဲ လေးစား အားကျသည့်အတွက် ၎င်းကဲ့သို့ အောင်ပွဲခံခြင်း ဖြစ်ကြောင်း တောင်းဆန်ဆို
အဲဗာတန်အသင်း တောင်ပံကစားသမား တောင်းဆန်က မန်ယူအသင်းနှင့် ပွဲစဉ်၌ ဂိုးသွင်းယူအပြီး စီရော်နယ်ဒိုကဲ့သို့ အောင်ပွဲခံခဲ့ခြင်းမှာ စီရော်နယ်ဒိုကို လှောင်ပြောင်လိုခြင်း မဟုတ်ဘဲ လေးစား အားကျသည့်အတွက် ၎င်းကဲ့သို့အောင်ပွဲခံခြင်း ဖြစ်ကြောင်း ပွဲစဉ်အပြီးတွင်ပြောသည်။
အဆိုပါပွဲစဉ်၌ တောင်းဆန်သည် ပွဲချိန် ၆၅မိနစ်တွင် အဲဗာတန်အသင်းအတွက် ချေပဂိုးသွင်းယူပြီးနောက် ကွင်းဘေးသို့ သွားရောက်ကာ ဂိုးသွင်းယူအပြီး စီရော်နယ်ဒို အောင်ပွဲခံသကဲ့သို့ ခုန်ပြီး အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်အပြီး ပရိသတ်အများစုက စီရော်နယ်ဒို ကွင်းအတွင်းရှိနေချိန်တွင် တောင်းဆန်၏ အောင်ပွဲခံမှုပုံစံမှာ စီရော်နယ်ဒိုအား မလေးစားရာ ရောက်ပြီး လှောင်ပြောင်သကဲ့သို့ ဖြစ်နေသည်ဟု ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။
တောင်းဆန်က ''ဂိုးသွင်းအပြီး ကျွန်တော် စီရော်နယ်ဒိုလို အောင်ပွဲခံတယ်ဆိုတာ ကျွန်တော့်မှာ သူ့ကိုလှောင်ပြောင်လိုစိတ် လုံးဝမရှိပါဘူး။ သူက ကစားသမားတွေအတွက် စံပြကစားသမား တစ်ဦးပါ။
ကျွန်တော်အောင်ပွဲခံခဲ့တာ လှောင်ပြောင်ချင်လို့ မဟုတ်ဘဲ သူ့ကို လေးစားအားကျလို့ သူ့ပုံစံအတိုင်း အောင်ပွဲခံခဲ့တာပါ'' ဟု ပြောသည်။
Ref;Goal.com