ကိုဗစ်-၁၉ ရောဂါစည်းမျဉ်း ချိုးဖောက်မှုကြောင့် ဘရာဇီးနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖလာမင်ဂို အသင်းမှ ပါရဲရားကို ခြောက်ပွဲပယ် ပြစ်ဒဏ်ချမှတ်

ကိုဗစ်-၁၉ ရောဂါစည်းမျဉ်း ချိုးဖောက်မှုကြောင့် ဘရာဇီးနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖလာမင်ဂို အသင်းမှ ပါရဲရားကို ခြောက်ပွဲပယ် ပြစ်ဒဏ်ချမှတ်

ဘရာဇီးနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က    ကိုဗစ်-၁၉  ရောဂါစည်းမျဉ်းများ ချိုးဖောက်မှုကြောင့် ဘရာဇီးပရီး မီးယားလိဂ်ပြိုင်ပွဲဝင် ဖလာမင်ဂိုအသင်း ကွင်းလယ် ကစားသမား ပါရဲရားကို ခြောက်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

ပါရဲရားသည်   ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက မန်ယူအသင်းမှ ဖလာမင်ဂို အသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစား နေသူဖြစ်ပြီး အသင်း၌ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။

ပါရဲရားသည် သြဂုတ် ၂ဝ ရက်က မန်ယူအသင်းမှ ဖလာမင်ဂိုအသင်းသို့  ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံမှ  ဘရာဇီးနိုင်ငံသို့  ရောက်ရှိချိန်တွင် ဘရာဇီးနိုင်ငံ အစိုးရ၏ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ၁၄ ရက်ကြာ စောင့်ကြည့်ခံရန် သတ်မှတ်ထားသော်လည်း ၎င်းအနေဖြင့် ၁၄ ရက်ကြာ စောင့်ကြည့်ခြမခံဘဲ ခုနစ်ရက်သာ စောင့်ကြည့်ခံခဲ့ပြီးနောက် ဖလာ မင်ဂိုအသင်းနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး    ဘရာဇီးနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါစည်းမျဉ်း ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည့်အတွက် လာမည့်ပွဲစဉ်ခြောက်ပွဲတွင် ပါဝင်ကစား ခွင့်ပိတ်ပင်သည့် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

Ref;The Guardian