မိုင်းကိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာသို့ လာရောက် တိမ်းရှောင်လျက်ရှိသည့် ကုန်းပေါင်၊ ကုန်းယန်း၊ လွယ်ဆိုင်းနှင့် ဟိုခဲကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူ ၂၉၉၃ ဦးတို့ကို အောက်တိုဘာ ၅ ရက်တွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဆန်၊ ကုလားပဲ၊ ခေါက်ဆွဲ ခြောက်များ၊ ရွှေဖီဦးလက်ဘက်ရည်ထုပ်များနှင့် အဝတ်အထည်များကို သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။