နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

 
နေပြည်တော် အောက်တိုဘာ ၆

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါဘက်စုံစိုက်ပျိုး မွေးမြူ ရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် အား မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် တာဝန်ရှိသူများက သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊ ၂၆ မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်နှင့် တွံ့တေး မြို့နယ်ရှိ ရွှေမုယင်းငါးကန်တို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီး ပြီး လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

 
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေး ဇုန်များ ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဇုန်များရှိ ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ အရည်အသွေးပြည့်မီ သည့် အသား၊ ငါးများအား တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးနှုန်း သက်သာစွာ စားသောက်နိုင်ပြီး ပြည်သူများ အသားနှင့်ငါးစားသုံးမှုမြင့်မားလာကာ ကျန်းမာကြံ့ခိုင်မှု ရှိလာမည်ဖြစ်ကြောင်း၊ မွေးမြူရေး လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သဖြင့် စနစ်တကျဖြင့် စံပြဖြစ်အောင် စီမံဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး သားဖောက် ခြင်း လုပ်ငန်းများအား သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း။

 
မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာ၌ ဒေသတွင်းဖူလုံမှုကို ဦးစွာ စဉ်းစားဆောင်ရွက် ပြီး ပိုလျှံအသားကို အေးခဲအသားနှင့် ကုန်ချောထုတ်ကုန်အဖြစ် စီမံ၍ ပြည်ပသို့ တင်ပို့ နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြင်ပမှ တင်သွင်းရလျက်ရှိသည့်အတွက် နွားမွေးမြူရေးလုပ်ငန်းများမှ နို့နှင့် နို့ထွက်ပစ္စည်း များ အောင်မြင်အောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နို့ထွက်နှုန်းကောင်းမွန်ရန် ပထမဦးစားပေးစဉ်းစားပြီး ၎င်းမှတစ်ဆင့် နို့ဆီ၊ နို့စိမ်း၊ ထောပတ် အစရှိသည့် Product အဖြစ် အဆင့်ဆင့် လုပ်ဆောင်၍ အရည် အသွေး ရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်များထွက်ပေါ်လာအောင် လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်ရာတွင် ဆိုင်စားအတွက် Table size နှင့် စားသုံးသူ အများစုအတွက် ခုတ်သားများထုတ်လုပ်နိုင်ရေး အကန့်လိုက် အရွယ်အစား ခွဲ၍ ထည့်သွင်းတွက်ချက်မွေးမြူကြရန်လိုပြီး အသားပေါများစွာ စားသုံးနိုင်ရေး လုပ်ဆောင်ပေးရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် Market နှင့် Target ကို သိရှိရမည်ဖြစ် ပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ရာသီသီးနှံများကို စိုက်ပျိုးကြရန်လို ကြောင်း၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းနှင့် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ခွဲခြား သိမြင်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ထက် ပိုလျှံမှုမရှိစေရန်နှင့် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် စဉ်းစားတွက်ချက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်လျက်ရှိသည့် ဒေသခံများ၏ ဈေးကွက်ကို မထိခိုက်စေရန် ဈေးကွက်လိုလားချက်နှင့် လိုအပ်ချက်ကို သိရှိအောင်လုပ်ဆောင်ပြီး စဉ်းစားတွက်ချက်လုပ်ဆောင်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များမှ ပိုလျှံ သည် များကို လေလွင့်မှုမဖြစ်ပေါ်စေရေး ရေရှည်ထားရှိအသုံးပြုနိုင်သည့် အခြောက်ခံ ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း၊ အုန်းဆီ၊ အုန်း မီးသွေး၊ အုန်းဆံတုံး စသည့် အုန်းနှင့် အုန်းထွက် ပစ္စည်းများသည် နေ့စဉ် အသုံးအဆောင်များတွင် မရှိမဖြစ် ပါဝင်နေပြီး ဈေးကွက်ခိုင်မာခြင်း၊ ကမ်းရိုးတန်း ဒေသများတွင် အုန်းပင်စိုက်ပျိုးထားရှိပါက သဘာဝဘေးအန္တရာယ်ကို အကာအကွယ် ပေးနိုင်ခြင်းတို့ကြောင့် ဒေသခံများကိုလည်း အုန်းစိုက်ပျိုးမှုနှင့် ပတ်သက်၍ အသိ ပညာပေး တိုက်တွန်းကြရမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဇုန်အသီးသီးရှိ ပတ်ဝန်းကျင် ဒေသခံများကိုလည်း ခေတ်မီပြီး နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူမှုများ ဖြစ်ပေါ် လာအောင် နည်းစနစ်နှင့် မျိုးများမျှဝေပေးရမည်ဖြစ်ကြောင်း၊ အသား၊ ငါးများအား သက်သာသော ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချပေးနိုင်ရေး ဆောင်ရွက် ခြင်းဖြင့် အသား၊ ငါး ဈေးနှုန်းများကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အသား၊ ငါး ထွက်ကုန်များအား ပြည်ပသို့ တင်ပို့နိုင်ရေးအတွက်လည်း ဆောင်ရွက် ရန်လိုကြောင်း၊ တပ်မိသားစုဝင်များသာမက ပြည်သူများအသား၊ ငါးနှင့် စိုက်ပျိုးရေး ထုတ်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး စဉ်ဆက် မပြတ် ဖြည့်ဆည်း ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် တွင် မွေးမြူထား ရှိသည့် ငါးအမျိုးအစားနမူနာပြသထားရှိမှုများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဘဲဥ၊ ထိုင်ဝမ်သင်္ဘော၊ ကျောက်စိမ်းဖီးကြမ်းငှက်ပျော၊ နို့ထွက်ပစ္စည်းများ၊ အုန်းထွက် ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုပြီး မွေးမြူရေးဇုန်အတွင်းရှိ ငါးသား ဖောက်လုပ်ငန်း ဆောင်ရွက်နေမှု၊ ငါးမွေးမြူထားရှိမှုနှင့် ဘဲမွေးမြူထားရှိမှု အခြေအနေ များအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြ ခဲ့ကြကြောင်း သတင်းရရှိသည်။