မွန်ပြည်နယ်အတွင်းရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ပေးအပ်လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ - ၁၁
တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မွန်ပြည်နယ် အတွင်းရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များ၏ စားသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များက သွားရောက်ပေးအပ်သည်။
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သဘင်အစည်းအရုံးအဖွဲ့ဝင် ၂၄၇၂ ဦးအတွက် ဆန် ၃၉၃ အိတ်၊ ဆီ ၆၉၂ ပိဿာ၊ ဆား ၆၀၅ ပိဿာ၊ ပဲ ၁၀၃၈ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာမြို့နယ် အလိုက်သဘင်အစည်းအရုံးဥက္ကဋ္ဌများနှင့်တာဝန်ရှိသူတို့က လက်ခံရယူကြပြီး မော်လမြိုင်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထိုသို့လှူဒါန်းခဲ့သည့် အမယ် ၄ မျိုး ပစ္စည်းများအား မွန်ပြည်နယ်သဘင် အစည်းအရုံးသို့ နယ်မြေခံတပ်မတော်သားများက တပ်မတော်မော်တော်ယာဉ်များဖြင့် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။