NLD ပါတီထောက်ခံသူအစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့ များ၏ ဉပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်လျက်ရှိသည့် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ အား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာမ

NLD ပါတီထောက်ခံသူအစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့ များ၏ ဉပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်လျက်ရှိသည့် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ အား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဉပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့မှုများကြောင့် ကျေးရွာများရှိ ဒေသခံပြည်သူများသည် ၎င်းတို့၏ နေအိမ်များတွင် နေထိုင်နိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ဒေသခံပြည်သူများအား လုံခြုံစိတ်ချ ရသည့်နေရာများတွင် ပြန်လည်ခေါ်ယူစုစည်းကာ ၎င်းတို့၏ လုံခြုံရေးနှင့် နေထိုင်စားသောက်ရေးတို့အား တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးပြီး အောက်တို ဘာ ၆ ရက် ညနေပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများက ခင်ဦးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနခန်းမ၌ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများ စွန့်ပစ်ခဲ့ရ သည့် အိုးအိမ်များနှင့် လယ်ယာလုပ်ငန်းများအား ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။