ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တောင်ကြီးမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါကာကွယ် ထိန်းချုပ် ရေးအထောက်အကူပြုပစ္စည်းများနှင့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ- ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် ပင်းတယမြို့၊ ဒေသဦးစီးအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ပေးအပ်လှူဒါန်းသည်။
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် Surgical Mask ၁၀၀၀၀ ခု၊N-95 Mask ၅၀၀ ခု၊ Face Shield ၁၂၅ ခု၊ Sodium Hypochloride(10-15%)(15L) ၃ ပုံး၊ Examination Glove ၅၀၀ ခု၊ Hand Gel ၇၅ ဘူး၊ Hand Sanitizer ၇၅ ဘူး၊ Personal Protective Equipment(PPE) ၁၅၀ စုံနှင့် စားသောက်ဖွယ်ရာများအား တိုင်းမှူးက ပေးအပ်လှူဒါန်းရာ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်၊ ပင်လုံရိပ်သာဧည့်ခန်းမ ၌ တောင်ကြီးမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ကို ပေးအပ်လှူဒါန်းသည်။ ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် Surgical Mask ၁၀၀၀၀ ခု၊ N-95 Mask ၅၀၀ ခု၊ Face Shield ၁၂၅ ခု၊ Sodium Hypochloride(10-15%)(15L) ၃ ပုံး၊ Examination Glove ၅၀၀ ခု၊ Hand Gel ၇၅ ဘူး၊ Hand Sanitizer ၇၅ ဘူးနှင့် Personal Protective Equipment(PPE) ၁၅၀ စုံတို့ကို တိုင်းမှူးက ပေးအပ်လှူဒါန်းရာ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းအောင် က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။