နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းစိန်မြို့နယ်ရှိ Mother Industrial Co.,Ltd. သို့ သွားရောက်ကြည့်ရှုလေ့လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းစိန်မြို့နယ်ရှိ Mother Industrial Co.,Ltd. သို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ အောက်တိုဘာ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ Mother Industrial Co.,Ltd. စက်ရုံသို့ သွားရောက်လေ့လာကြည့်ရှုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ ဝင်များသည် Mother Industrial Co.,Ltd. သို့ ရောက်ရှိကြပြီး စက်ရုံ အစည်းအဝေး ခန်းမတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အမှတ် (၂) အကြီးစားစက်မှု လုပ်ငန်းလက်အောက်ရှိ အုတ်ထုတ်လုပ်ရေး စက်ရုံ(တညင်းကုန်း) ရပ်ဆိုင်းခဲ့ရသည့် အခြေအနေများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးသည့် အပေါ့စားသဲကွန်ကရစ်တုံး ထုတ်လုပ်ရန်အတွက် စက်ရုံပိုင်မြေနေရာကို Mother Industrial Co.,Ltd. သို့ နှစ်ရှည်ငှားရမ်းခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ထို့နောက် Mother Industrial Co.,Ltd. မှ Managing Director ဦးစိုးရီ က စက်ရုံတည်ဆောက်မှု သမိုင်းအကျဉ်း၊ လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်နိုင်သည့် အပေါ့စား သဲကွန်ကရစ်တုံး(Autoclaved Aerated Concrete Block-AAC) နှင့် ဖိအားမြင့်ခံ ကွန်ကရစ်တုံး(Autoclaved Pressed Concrete Block-APC) ထုတ်လုပ်သည့် စက်ရုံအား ရင်းနှီးမြုပ်နှံ ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ကုန်ကြမ်းစုဆောင်းခြင်းနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ AAC နှင့် APC ကွန်ကရစ်တုံး များကို အသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အထွေထွေ လိုအပ်ချက် များအား နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စက်ရုံများအား ငှားရမ်းစဉ် စက်မှုဝန်ကြီးဌာနမှ လုပ်ငန်းလိုအပ်ချက် အရ တွဲဖက်ထားသည့် ဝန်ထမ်းများသည် စည်းကမ်းနှင့်အညီ သက်ဆိုင်ရာ လုပ်ငန်း၌ လိုက်ပါဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် လုပ်ငန်းဆောင်ရွက် ရာတွင် ငှားရမ်းထားသည့် လုပ်ငန်းအတိုင်းမဟုတ်ဘဲ လုပ်ငန်းပြောင်းလဲ လုပ်ဆောင် မည်ဆိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်မှုကော်မရှင် MIC ၏အတည်ပြုချက်နှင့် ခွင့်ပြုချက် များ ရယူရန် လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်း များကို အားပေးပါကြောင်း၊ စက်ရုံများအနေဖြင့် ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်း ထုတ်လုပ်ပေးနိုင်ရန် လိုအပ်ပြီး အောင်မြင်မှုရရှိအောင် ဆက်လက်ဆောင်ရွက်သွား စေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် စက်ရုံမှ ထုတ်လုပ်ထားရှိသည့် AAC နှင့် APC ကွန်ကရစ်တုံးများ ၏ ခံနိုင်ရည်စွမ်းရည်နှင့် အသုံးပြုနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ စမ်းသပ် ပြသထားရှိမှုအား ကြည့်ရှုလေ့လာရာ Managing Director ဦးစိုးရီ ကလိုက်လံ ရှင်းလင်းပြသခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Mother Industrial Co.,Ltd. စက်ရုံအတွင်း AAC နှင့် APC ကွန်ကရစ်တုံးများ ထုတ်လုပ်မှု အဆင့်ဆင့်နှင့် Physical Laboratory နှင့် Chemical Laboratory တို့အတွင်း အရည်အသွေး စမ်းသပ်စစ်ဆေးမှုတို့အား လှည့်လည်ကြည့်ရှု လေ့လာကြရာ Mother Industrial Co.,Ltd. ဥက္ကဋ္ဌ ဦးအောင်မြတ်၊ Managing Director ဦးစိုးရီနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်း ရရှိသည်။