ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၊ UWSA(ဝ)တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များကို တြိဂံတိုင်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၊ UWSA(ဝ)တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များကို တြိဂံတိုင်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၊ UWSA(ဝ)တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များကို စက်တင်ဘာ ၁၀ ရက်နှင့် ယနေ့တို့တွင်မိုင်းယွန်းကျေးရွာရှိ ဆေးရုံ၌ တြိဂံတိုင်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဒေသခံတိုင်းရင်းသားပြည်သူ၊ UWSA (ဝ)တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်စုစုပေါင်း ၁၂၃၅ ဦးတို့အား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး ရောဂါ၊ သားဖွား၊ မီးယပ်ရောဂါ၊ နှား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ECG စက်ဖြင့်နှလုံးစမ်းသပ်ပေးခြင်းနှင့် Ultrasound ရိုက်ပေးခြင်းများကိုဆေးအဖွဲ့များက ဆောင်ရွက်ပေးကြသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးဗိုလ်ချုပ် ခင်လှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးလာရောက်ကုသသူများကို နှာခေါင်းစည်း Mask များနှင့် သုတ၊ ရသ စာစောင်များ ဖြန့်ဝေပေးသည်။

ထို့ပြင်တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မိုင်းယွန်းကျေးရွာရှိဆေးရုံတွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများနှင့် UWSA (ဝ) တပ်ဖွဲ့ဝင်များကို တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။