တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာ ရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၇
    
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့၊ လွယ်ခမ်း ကျေးရွာရှိ ရွှေတောင်ကုန်း(သက်သတ်လွတ်ကျောင်းတိုက်)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ရှိ ပညာဒီပဘုန်းတော်ကြီးကျောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မြစေတီစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်ရှိ သလ္လာစိတ္တသုခတပ်ဦးကျောင်းတိုက်၊ တိုက်ကြီး မြို့နယ်၊ မြရတနာ ကျေးရွာရှိ ဓမ္မရတနာကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အတုလဝတီ သီလရှင်စာသင်တိုက်၊ မိတ္ထီလာမြို့နယ်ရှိဓမ္မပါလဆည်ဝန်းကျောင်းတိုက်၊ ညောင်ကန် ကျေးရွာအုပ်စု ကံကြီးကျောင်းတိုက်နှင့် ကျောင်းရွာအုပ်စု မကျီးကန် ကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။
    
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့၊ လွယ်ခမ်းကျေးရွာ၊ ရွှေတောင်ကုန်း (သက်သတ်လွတ်ကျောင်းတိုက်)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်း မြို့နယ်၊ ပညာဒီပဘုန်းတော်ကြီးကျောင်းနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြစေတီ စာသင်တိုက်တို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။