ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးပြည်သူများ တက်ရောက်ဖူးမြော်နိုင်ရန် ကျန်းမာရေး သတ်မှတ်ချက်နှင့်ကိုက်ညီမည့် ဆော့ဖ်ဝဲလ်ရေးဆွဲလျက်ရှိကြောင်း ရွှေတိဂုံစေတီတော် တာဝန်မှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရသည်။
“ဘုရားဖူးပြည်သူတွေ ရွှေတိဂုံစေတီ တော်ကိုဖူးမြော်နိုင်ဖို့ ကျန်းမာရေးသတ် မှတ်ချက်နဲ့ ကိုက်ညီမယ့် ဆော့ဖ်ဝဲလ်ရေး ဆွဲနေပါတယ်။ ဒီဆော့ဖ်ဝဲလ်က မပြီးသေးတော့ ဘယ်တော့ လောက်စဖြစ်မယ်ဆိုတာ အတိအကျမပြောနိုင်သေးဘူး”ဟု ၎င်းင်းက ပြောသည်။
ဘုရားဖူးပြည်သူများအနေဖြင့် စိတ်ချလုံခြုံစွာဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က Online မှ မှတ်ပုံတင်နိုင်မည့် Application ကို ပြည်သူများအသုံးပြုရ လွယ်ကူစေရန်ရေး ဆွဲလျက်ရှိနေပြီး Android Phone အသုံးပြုသူများအနေဖြင့် Google Play Store မှလည်းကောင်း၊ iOS Phone အသုံးပြု သူများအနေဖြင့် Application Stroe မှလည်းကောင်း အခမဲ့ Download ရယူပြီး Registration ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆော့ဖ်ဝဲလ် ရေးဆွဲပြီးပါက Application ကို Download ဆွဲကာ ဘုရားဖူးမြော်နိုင်ရန် မှတ်ပုံတင်ရမည် ဖြစ်သည်။ ယင်းမှတ်ပုံတင်ထားသည့်သူကို ဘုရားဖူးမြော်ခွင့် AR Code တစ်ခု ပြန်လည်ချမှတ်ပေးမည်ဖြစ်ကာ ၎င်းင်းသည် ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ တစ်နာရီခန့် ဘုရားဖူးမြော်ခွင့်ရရှိမည်ဖြစ်ပြီး သတ်မှတ်ချိန်ပြည့်ပါက ပြန်လည်ထွက်ခွာ ရမည် ဖြစ်သည်။
ရွှေတိဂုံစေတီတော် ပြန်လည်ဖွင့်လှစ်ပါက ဘုရားဖူးများ ဘုရားဖူးခြင်း၊ တရားထိုင်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ Social Distancing ဖြစ်စေရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ဝန်းရံခ