ငဖဲမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများမျိုးကွဲပယ်ခြင်းလုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက CERP အစီအစဉ်ဖြင့်ဆောင်ရွက်သည့် မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၀ ရက်ညနေပိုင်းတွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာအုပ်စု ဖြစ်သည့် ချောင်းဖြူကျေးရွာအုပ်စုနှင့် ပင်ဦးကျေးရွာအုပ်စုအတွင်း၌ ရှိသော တောင်သူများ၏ လယ်မြေများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရှေးဦးစွာ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းက မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်း လုပ်ငန်းလာရောက်လေ့လာသူ တောင်သူများအား မျိုးကွဲနုတ်ပယ်သည့် နည်းစနစ်များ၊ အပင်ဖြစ်ထွန်းမှု၊ ပိုးမွှားကျရောက်မှုရှိ၊ မရှိ စစ်ဆေးကြည့်ရှုနည်းများကို ရှင်းလင်းပြော ကြားပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စိုက်ခင်းများအတွင်း မျိုးကွဲပယ်ခြင်းလုပ်ငန်းကို လက်တွေ့ပြသဆောင်ရွက်သည်။

အဆိုပါမျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းအားဖြင့် တောင်သူ များအနေဖြင့် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ခြင်းနှင့်ထွက်ရှိမည့် ဆန်အရည်အသွေးကောင်းမွန် ခြင်း၊ ဈေးကောင်းရရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး မျိုးကွဲပယ်ခြင်း လုပ်ငန်းကို ပင်ပွားကာလ၊ ပန်းပွင့်ကာလနှင့် သီးနှံရင့်မှည့် ချိန်ကာလများတွင် နုတ်ပယ်ရမည် ဖြစ်ကြောင်း နှင့် CERP အစီအစဉ်အရ ငဖဲမြို့နယ်အတွင်း မျိုးစေ့ထုတ်စိုက်ဧက ၁၃၅ ဧက ရှိကြောင်း သိရသည်။

မယု(ငဖဲ)