“အစိုးရတစ်ရပ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပြည်သူအပေါ်ထားတဲ့စေတနာ”

“အစိုးရတစ်ရပ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပြည်သူအပေါ်ထားတဲ့စေတနာ”

ယနေ့ကမ္ဘာပေါ်ရှိ လူသားများအတွက် မရှိမဖြစ်အရေးပါလာတဲ့   အရာတစ်ခု ကတော့ ရေလည်းမဟုတ်၊  လေလည်းမဟုတ်၊  စားနပ်ရိက္ခာလည်းမဟုတ်တဲ့ လောင်စာပဲ ဖြစ် ပါတယ်။ရေတွေကို တစ်နေရာကနေတစ်နေရာကို သယ်ယူပို့ဆောင်ဖို့အတွက်  ယာဉ် ယန္တရားတွေအသုံးပြုရပါတယ်။ စားနပ်ရိက္ခာတွေ ထုတ်လုပ်ပို့ဆောင်ဖို့အတွက် စက်ပစ္စည်းတွေ၊  ယာဉ်တွေအသုံးပြုရပါတယ်။ အဲဒီစက်ပစ္စည်းတွေ၊  ယာဉ်တွေ မောင်းနှင်အသုံးပြုနိုင်ဖို့အတွက်ကတော့  လောင်စာလိုအပ်ပါတယ်။ လောင်စာဆိုတဲ့ နေရာမှာလည်း ဒီကနေ့ ခေတ်မှာအသုံးအများဆုံးက  ရုပ်ကြွင်း လောင်စာတွေပါ။ နှစ်သန်းပေါင်းများစွာ ကြာဖြစ်တည်ပြီးမှသာ  လောင်စာအဖြစ် အသုံးပြုနိုင်တဲ့  ရုပ်ကြွင်းလောင်စာတွေ အားလုံးက  ပြန်လည်ပြည့်ဖြိုးနိုင်ခြင်းမရှိ လို့ တစ်ချိန်မှာကုန်ဆုံးသွားမယ့်လောင်စာ တွေဖြစ်ပါတယ်။

ယနေ့မှာတော့    ကမ္ဘာတစ်ဝန်းမှာ စက်သုံးဆီဈေးနှုန်းတွေဟာ အဆမတန် မြင့်တက် လာနေပါတယ်။ ဘာကြောင့် ဒီလို မြင့်တက်ရတာလဲဆိုတာနဲ့ပတ်သက်ပြီး အခြေခံ  သဘောတရားလေးတွေကို အနည်းငယ်ရှင်းပြလိုပါတယ်။

စီးပွားရေးပညာရပ်မှာ အခြေခံအကျ ဆုံးက  ရောင်းလိုအားနဲ့ဝယ်လိုအားပါ။ ရောင်းလို အားဆိုတာ ရောင်းတဲ့သူအနေနဲ့ ရောင်းချပေးနိုင်တဲ့ပမာဏဖြစ်ပြီး ဝယ်လို အားဆိုတာ က ဝယ်ယူသူအနေနဲ့ ဝယ်ယူ နိုင်တဲ့ပမာဏဖြစ်ပါတယ်။

ရောင်းလိုအားများပြီး ဝယ်လိုအားနည်းရင် အဲဒီပစ္စည်းကဈေးကျမယ်။ ဝယ်လို အားများပြီး ရောင်းလိုအားနည်းရင်တော့ ကုန်ပစ္စည်းဈေးတက်မယ်။   တစ်ဆက်တည်း မှာပဲ ငွေကြေးဖောင်းပွမှုက နောက် ဆက်တွဲလိုက်လာမှာပါ။

ငွေကြေးဖောင်းပွမှုကို ပန်းသီးတစ်လုံး နဲ့ဥပမာပေးပြီးပြောပါရစေ။  ဦးဘဆီမှာ ပုံမှန် အားဖြင့်   တစ်ကျပ်နဲ့ရောင်းမယ့် ပန်းသီးတစ်လုံးရှိတယ်ဆိုပါစို့။   ဦးလှနဲ့ ဦးမြတို့က အဲဒီပန်းသီးတစ်လုံးကိုဝယ်လိုပါတယ်။

ရောင်းမယ့်ပန်းသီးကတစ်လုံး၊ ဝယ်မယ့် သူက နှစ်ဦးဖြစ်တော့ ရောင်းလိုအားနည်း ပြီး  ဝယ်လိုအားများတဲ့အခြေအနေပါ။ ဒီအခြေအနေမှာ ငွေနည်းနည်းတတ်နိုင်တဲ့ ဦးလှက တစ်ကျပ်တန်ပန်းသီးကို နှစ်ကျပ် ပေးပြီးဝယ်လိုက်တဲ့အခါ  ပန်းသီးဈေးနှုန်း က   အလိုလိုနေရင်းဈေးတက်သွားရပါ တယ်။

အရင်က ငွေတစ်ကျပ်ရှိရင် ပန်းသီး တစ်လုံးရပေမယ့် အခုတော့ ငွေနှစ်ကျပ်ရှိ မှသာ  ပန်းသီးတစ်လုံးကိုဝယ်နိုင်တော့မယ့် အခြေအနေဖြစ်သွားပါပြီ။  ဒါကိုငွေကြေး ဖောင်းပွ တယ်လို့ဆိုပါတယ်။

အခု တစ်ကမ္ဘာလုံးအတိုင်းအတာအနေ နဲ့ စက်သုံးဆီဈေးနှုန်းမြင့်တက်ရတဲ့ကိစ္စ မှာလည်း ရောင်းလိုအားဖြစ်တဲ့ ရေနံစိမ်း ပမာဏက နည်းပါးနေပါတယ်။ ဝယ်လိုအား

ဖြစ်တဲ့ ရေနံစိမ်းလိုအပ်သူတွေက များပြား နေပါတယ်။ အဲဒီအတွက်   ရေနံစိမ်း ဈေးနှုန်း မြင့်တက်သွားရတာပါ။ တစ်ကမ္ဘာလုံးရောဂန္တရကပ်ဆိုက်တဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ် ၂၀၂၀ ပြည့် နှစ်အတွင်းမှာ  စက်မှုလုပ်ငန်းတွေလည်း ရပ်တန့်သွား ရပါတယ်။ အဲဒီအချိန်တုန်းက လောင်စာဆီလိုအပ် ချက်နည်းပါးပြီး   ရေနံစိမ်း ထုတ်လုပ်မှု များပြားတာကြောင့် လောင်စာဆီဈေး တွေကျသွားလိုက်တာ   ကျွန်တော် တို့ ပြည်တွင်းမှာ   ဓာတ်ဆီတစ်လီတာကို  ကျပ် ၅၀၀ ကျော်လောက်သာရှိတော့တာ ကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။

ဒီနှစ် နှစ်လယ်ပိုင်းမှာတော့ တစ်ကမ္ဘာ လုံးအတိုင်းအတာအနေနဲ့   ကိုဗစ်-၁၉ ရောဂါဖြစ် ပွားမှုကလည်း အတန်အသင့် လျော့ကျသွားတဲ့အတွက် စက်မှုလုပ်ငန်း တွေပြန်လည် ပတ်လာပြီး  လောင်စာဆီ လိုအပ်ချက်က  စတင်မြင့်တက်လာပါ တော့တယ်။ ဒီအချိန်မှာ ရေနံစိမ်းထုတ်လုပ်တဲ့ နိုင်ငံတွေက တစ်ရက်ကိုရေနံစိမ်းဘယ်နှစည် နှုန်းသာထုတ်လုပ်ရမယ်ဆိုပြီး ကန့်သတ်  ချက်နဲ့သဘောတူထားတာကြောင့် ရောင်းလို

အားနည်းပြီး  ဝယ်လိုအားများတဲ့အခြေ အနေကိုရောက်လာတဲ့အတွက်  ကမ္ဘာ့ လောင်စာဆီဈေးနှုန်းကလည်း  တစ်ဖန် ပြန်လည်မြင့်တက်လာရပါတယ်။

တကယ်တော့ ဒီဖြစ်စဉ်ဟာ စီးပွားရေး လောကမှာ  ပုံမှန်အတိုင်းဖြစ်တဲ့ဖြစ်စဉ် တစ်ခုမျှသာဖြစ်ပြီး  တချို့သောသူတွေ ပြောနေကြသလိုမျိုး နိုင်ငံရေးအရလှုံ့ဆော် မှုစိုးစဉ်းမျှမပါဝင်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံသည်လည်း  တံခါးဖွင့်စီးပွား ရေးမူဝါဒကို  ကျင့်သုံးတဲ့ အတွက် လောင်စာဆီဈေးမြင့်တက်မှုရဲ့ ရိုက်ခတ်မှုဒဏ်ကို အနည်းနဲ့အများခံစား ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက ဝိသမလောဘ သားတွေ    အများကြီးရှိတယ်ဆိုတာကို စာဖတ်သူတို့အနေနဲ့မျက်ဝါးထင်ထင် နဖူး တွေ့ဒူးတွေ့ကြုံဆုံခဲ့ဖူးမှာဖြစ်သလို ကြုံဆုံ နေရဆဲလည်းဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းအတွက် လိုအပ်တဲ့စက်သုံးဆီအများစုကို ပြည်ပ ကနေမှာယူတင်သွင်းရပါတယ်။ ဒီလိုမှာယူ တင်သွင်းရာမှာလည်း မြန်မာငွေနဲ့ဝယ်ယူ ရတာမဟုတ်ဘဲ   နိုင်ငံခြားငွေနဲ့ပေးချေ ဝယ်ယူရတာပါ။

ဒီလိုပေးချေဝယ်ယူရာမှာ တချို့သော ငွေကြေးဓန<ကယ်ဝသူတွေက    သူတို့ လက်ထဲမှာထိန်းသိမ်းထားတဲ့ နိုင်ငံခြားငွေ တွေကို အမျိုးမျိုးဈေးတင်ခြယ်လှယ်ကစား တာကြောင့် ငွေလဲနှုန်းကမကြုံစဖူးထူးကဲစွာ မြင့်တက်လာရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကညွှန်ကြားချက်အသစ်တွေထုတ်ပြီး အဲဒီလို မသမာသူတွေရဲ့   နိုင်ငံခြားငွေ ခြယ်လှယ်မှုကို  ထိန်းချုပ်နေရတာပါ။ ပြီးတဲ့အခါ   သင့်တင့်လျောက်ပတ်တဲ့  ရည်ညွှန်းငွေလဲနှုန်းကိုသတ်မှတ်ပြီး နိုင်ငံ ခြားငွေကို ရောင်းချပေးပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာနနဲ့   မြန်မာ နိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ဟာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်ချက်နဲ့အညီ ဗဟိုဘဏ်မှရည်ညွှန်း ငွေလဲနှုန်းနဲ့  တိုက်ရိုက်ရောင်းချပေးတဲ့  နိုင်ငံခြားငွေနဲ့ စက်သုံးဆီတွေဝယ်ယူကာ  စက်တင်ဘာ ၂၂ ရက်မှစပြီး  တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တွေကို ခွဲဝေဖြန့်ဖြူးရောင်းချ ပေးနေပါတယ်။ အခုဆိုရင် အဲဒီလိုနည်းနဲ့ ခွဲဝေဖြန့်ဖြူးရောင်းချ ပေးနေတဲ့ စက်သုံး ဆီဆိုင်ပေါင်း ၁၆၉ ဆိုင်ရှိလာပြီလို့လည်း သိရပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အခုလိုဆောင်ရွက်ပေးခြင်းအားဖြင့် ရရှိ လာတဲ့ အကျိုးကျေးဇူးကတော့ စက်သုံးဆီ ကိုအသုံးပြုနေရတဲ့ ပြည်သူအားလုံးဟာ ပြင်ပ ပေါက်ဈေးထက်ချိုသာတဲ့ဈေးနှုန်းနဲ့  စက်သုံးဆီတွေကို  ကိုယ့်ယာဉ်ရဲ့ဆီ တိုင်ကီ ဆံ့သလောက် အကန့်အသတ်မရှိဝယ်ယူနိုင်ခြင်းပါပဲ။  အဲဒီအတွက်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အထူးပင်ကျေးဇူးတင်မိပါတယ်။

ပြည်သူတွေအနေနဲ့ စက်သုံးဆီဝယ်ယူ ရရှိမှုမှာပြင်ပပေါက်ဈေးနဲ့ယှဉ်ရင် ဘယ်လောက် အထိသက်သာသွားတယ် ဆိုတာကို မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ ရောင်းချနေတဲ့ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ပါဦးမယ်။

သာမန်အားဖြင့် လူသုံးအများဆုံးစက် သုံးဆီအမျိုးအစားက 92 RON လို့ခေါ် တဲ့ ရိုးရိုး ဓာတ်ဆီဖြစ်ပါတယ်။ သူ့ရဲ့ဈေးက ပြင်ပဈေးကွက်မှာ တစ်လီတာကို  ငွေကျပ် ၁၆၀၀ ကျော်ရှိပါတယ်။ အစိုးရရဲ့အစီအစဉ်နဲ့ရောင်းချပေးနေတဲ့ဈေးကတော့ တစ်လီတာကို ၁၁၆၂ ကျပ်ပါ။ ဒီနေရာမှာ ကွာခြားချက်က ငွေကျပ်  ၄၃၀ ကျော်ရှိပါတယ်။ ဒါဟာ  ပြည်သူ တစ်ယောက်အနေနဲ့ အစိုးရရဲ့အစီအစဉ်နဲ့ ရောင်းချတဲ့ ပုဂ္ဂလိက စက်သုံးဆီ ဆိုင်ကနေ ဓာတ်ဆီတစ်လီတာဝယ်ယူတိုင်း သက်သာ တဲ့ပမာဏပါ။

ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး စက်မှုလုပ်ငန်း တွေလည်ပတ်မှုရပ်တန့်နေတဲ့ ၂၀၂၀ ပြည့် နှစ်အတွင်းက   ဓာတ်ဆီတစ်လီတာ ဈေး နဲ့ယှဉ်မယ်ဆိုရင်တော့ ထက်ဝက်တက်တယ် လို့ဆိုပြီး  အပြစ်ပြောမယ့်သူတွေလည်းရှိ ကြမှာပါ။ ဒါဆိုရင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ကို နှိုင်းယှဉ်ပြပါဦးမယ်။ ပြီးခဲ့တဲ့နှစ်ဧပြီလတုန်းက ရေနံစိမ်းတစ် စည်ကို အမေရိကန် ဒေါ်လာ ၁၆ ဒေါ်လာ သာရှိပါတယ်။  အဲဒီကာလတွေတုန်းက ကမ္ဘာ့ရေနံစိမ်းဈေးဟာ စံချိန်တင်အနိမ့်ဆုံး အထိကို ထိုးကျခဲ့တာပါ။ဒီနှစ်အစောပိုင်းကနေစလို့  ရေနံစိမ်း ဈေးနှုန်းဟာ   တဖြည်းဖြည်းမြင့်တက်လာတာ ရေနံစိမ်းတစ်စည်ကို၅၁ ဒေါ်လာ အထိ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မှာတော့ ရေနံစိမ်းတစ်စည်ဟာ ၈၁ ဒေါ်လာအထိရောက်လာပါပြီ။ 

ဒါဆိုရင်ရေနံစိမ်းတစ်စည်ကို  ၁၆ ဒေါ်လာကနေ ၈၁ ဒေါ်လာအထိ  မြင့်တက်မှုဟာ ၅ ဆကျော်ရှိပါတယ်။ ဒီလိုရေနံစိမ်းတစ်စည်ဈေးနှုန်း ၅ ဆ မြင့်တက်မှုနဲ့ အခုအစိုးရ အစီအစဉ်နဲ့ရောင်း ပေးနေတဲ့ စက်သုံးဆီဈေးနှုန်းကို မူတည် ပြီးတွက်မယ်ဆိုရင်တောင် ၂၀၂၀ ပြည့်နှစ် အတွင်းတုန်းက မြန်မာနိုင်ငံမှာပြည်တွင်းစက်သုံးဆီဈေးက ဓာတ်ဆီ တစ်လီတာကို ငွေကျပ် ၂၀၀ လောက်သာဖြစ်သင့်တာပါ။ ဒါပေမဲ့ မဖြစ်ခဲ့ပါဘူး။

၂၀၂၀ ပြည့်နှစ် ဧပြီလကနေ  အခု အချိန်အထိ ကမ္ဘာ့ရေနံစိမ်းဈေးက ၅ ဆ မြင့်တက် လာပါတယ်။ သို့ပေမယ့်လည်း  မြန်မာနိုင်ငံရဲ့ပြည်တွင်းဈေးကွက်မှာတော့  အစိုးရရဲ့ အစီအစဉ်ကြောင့်   ၂  ဆသာ မြင့်တက်တာကိုတွေ့ရပါတယ်။  ဝိသမ လောဘသား တွေကြောင့်မြင့်တက်မှုကတော့  ၃ ဆကျော်အထိရှိပါတယ်။

ဒီနေရာကနေ ထင်းထင်းလင်းလင်း မြင်တွေ့နိုင်တာကတော့ နိုင်ငံတကာမှာဖြစ် ပေါ်နေတဲ့အခြေအနေတွေက ကိုယ့်ပြည်တွင်းအပေါ်  ရိုက်ခတ်မှုရှိလာတဲ့အခါ အစိုးရ တစ်ရပ်ရဲ့စွမ်းဆောင်ရည်နဲ့ ပြည်သူ အပေါ်ထားတဲ့စေတနာတို့ပါပဲ။ လောကမှာ အလွယ်ကူဆုံးအလုပ်က သူတစ်ပါးရဲ့လုပ်ဆောင်ချက်ကိုအပြစ်ရှာခြင်းပါပဲ။ ဒါပေမဲ့ အကျိုးသင့်အကြောင်း သင့်ဝေဖန်ရမယ့်နေရာမှာ   မျက်စိကို စုံမှိတ် နားကိုပိတ်ပြီး လက်ညှိုးတစ်ချောင်း ကိုသာတွင်တွင်ထိုးကာ သူ့ကြောင့်လို့သာ ပြောနေကြသူတွေက အများသားမဟုတ်ပါလား။ စကားဆက်လို့ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့  လူတော်တော်များများက ပြဿနာတစ်ခုဖြစ်ပြီဆိုရင်  ဘာကြောင့် ဆိုတာထက် ဘယ်သူ့ကြောင့်ဆိုတာကိုသာ အရင်ရှာဖွေပြီးအပြစ်တင်လေ့ရှိပါတယ်။ ဒီအတွက် ကြောင့်   ပြဿနာရဲ့ဇာစ်မြစ် ကိုမသိတော့ဘဲ  ပြဿနာကိုဖြေရှင်းရာ မှာ လွဲမှားတဲ့ ဖြေရှင်းမှုတွေနဲ့သာ ဆောင်ရွက်ကြတဲ့အတွက်တိုးတက်မှုဆိုတာမရှိ တော့တာပါ။

အခုစက်သုံးဆီဈေးနှုန်းကိစ္စမှာလည်း ဘယ်သူ့ကြောင့်ဆိုတာထက် ဘာကြောင့် ဆိုတာကိုမျက်စိဖွင့်နားစွင့်လို့ကြည့်သင့်  တဲ့အချိန်ရောက်နေပါပြီ။   နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့တိုးတက်မှုကိုလိုလားသူဆိုရင်တော့ ပြဿနာရဲ့ဇာစ်မြစ်ကိုရှာဖွေ ကာ အဖြေထုတ်သင့်နေပါပြီ။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည်  သူ့အပေါ် ထိုးလာတဲ့ အပြစ်တင်လက်ညှိုးတွေအားလုံး  ကိုလျစ်လျူရှုကာ အစိုးရတစ်ရပ်အနေနဲ့ ရှိရမယ့် စိတ်နေစိတ်ထားနဲ့အညီ နိုင်ငံတော်  နဲ့ပြည်သူတွေအပေါ်   စေတနာထားပြီး အဘက်ဘက်ကနေ   အကောင်းဆုံးလုပ် ဆောင်နေတယ်ဆိုတာကို လက်ရှိဆောင်ရွက် ချက်တွေက   သက်သေပြနေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။  ။