ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမား ဆုအတွက် ဆန်ခါတင် ကစားသမားစာရင်း ထုတ်ပြန်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းမှ ပက်ဒရီ အဆင့်(၁)နေရာ၌ ရပ်တည်
ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆု အတွက် ဆန်ခါတင်ကစားသမား ၁ဝ ဦးစာရင်း ထုတ်ပြန်ခဲ့ပြီးနောက် Fotomobo ၏ အဆင့်သတ်မှတ်ချက်တွင် ဘာစီလိုနာ အသင်းမှ ပက်ဒရီက အဆင့်(၁)နေရာ၌ ရပ်တည်နေကြောင်း သိရသည်။
ကမ္ဘာ့အကောင်းဆုံးလူငယ် ကစားသမားဆုကို အသက် ၂၁ နှစ်အောက် လူငယ်ကစားသမားများကို ရွေးချယ်၍ နိုဝင်ဘာ ၂၉ ရက်တွင်ကျင်းပမည့် ကမ္ဘာ့အကောင်းဆုံးဆုများ ပေးအပ်ပွဲ အခမ်းအနား၌ ချီးမြှင့်သွားမည်ဖြစ်သည်။
ပက်ဒရီသည် ပြီးခဲ့သည့် ဘောလုံးရာသီမှစတင်ကာ ဘာစီလိုနာအသင်းနှင့် ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အသင်းနှင့်အတူ အဓိကကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး စပိန်လာလီဂါပွဲစဉ် ၂၈ ပွဲအထိ ပါဝင်ခွင့်ရရှိခဲ့ကာ ဘာစီလိုနာအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူဖြစ်သည်။
အလားတူ စပိန်လက်ရွေးစင် အသင်းနှင့်လည်း ယူရို ၂ဝ၂ဝ ပြိုင်ပွဲတွင် ပါဝင်ခဲ့သူဖြစ်ကာ ယူရို ၂ဝ၂ဝ ပြိုင်ပွဲအပြီး ၂ဝ၂ဝ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဆက်တိုက်ပါဝင် ကစားခွင့်ရရှိခဲ့ပြီး ဒုတိယငွေတံဆိပ်ဆု ရရှိခဲ့ကာ ယခုနှစ်အတွင်း ပွဲအများဆုံး ကစားထားသည့် ကစားသမား တစ်ဦးအဖြစ်ပင် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။
ၤသအသာသဘသ၏ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုအတွက် ဆန်ခါတင် ကစားသမား ၁ဝ ဦးစာရင်း ထုတ်ပြန်ခဲ့ပြီးနောက် အဆင့်သတ်မှတ်ချက်၌ ပက်ဒရီ၏ နောက်တွင် ဒေါ့မွန်အသင်းမှ ဘယ်လင်ဟမ်က အဆင့်(၂)၊ ဘိုင်ယန်မြူးနစ်အသင်းမှ မူဆီလာက အဆင့်(၃)၊ အေဂျက်အသင်းမှ ဂါဗင်ဘက်ချ်က အဆင့်(၄)၊ အာဆင်နယ်အသင်းမှ ဆာကာက အဆင့် (၅)၊ မန်ယူအသင်းမှ ဂရင်းဝုဒ်က အဆင့်(၆)၊ လေဗာ ကူဆင်အသင်းမှ ဖလိုရန်ဝက်ဇ်က အဆင့်(၇)၊ ရင်းနက်စ်အသင်းမှ ဒိုကူက အဆင့်(၈)၊ ပီအက်စ်ဂျီအသင်းမှ နူနိုမန်ဒက်ဇ်က အဆင့်(၉)နှင့် ဒေါ့မွန်အသင်းမှ ဂျီရိုဗန်နီရိုင်နာက အဆင့်(၁ဝ)နေရာ၌ အသီးသီး ရပ်တည်နေကြောင်း သိရသည်။
Ref;Fotomobo