ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း လျှောက်လွှာများ အချိန်မီပြန်လည် တင်သွင်းရန် အသိပေး နှိုးဆော်ခြင်း
ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း လျှောက်လွှာများအား ၁-၉-၂ဝ၂၁ ရက်နေ့မှစ၍ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)နှင့် တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ ထုတ်ပေးလျက်ရှိရာ ၁၅-၁ဝ-၂ဝ၂၁ ရက်နေ့တွင် လျှောက်လွှာများ ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် လျှောက်လွှာ ထုတ်ယူလိုသူများ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် သွားရောက် ထုတ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာ ထုတ်ယူထားသူများ အနေဖြင့်လည်း ဗိုလ်လောင်းလျှောက်လွှာများအား မိမိတို့လျှောက်လွှာ ထုတ်ယူရရှိသည့် တိုင်းစစ်ဌာနချုပ်များသို့ လျှောက်လွှာပိတ်ရက် မတိုင်မီ အချိန်မီပြန်လည် တင်သွင်းကြရန် အသိပေးနှိုးဆော်အပ်ပါသည်။ အသေးစိတ် သိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး(ဖုန်းနံပါတ် ဝ၃၆-၃ဝ၃၃၁၊ ဝ၃၆-၃ဝ၃၃၈)သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။
စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)