ဘောလုံးလောကတွင် အာဖရိက ကစားသမားများအပေါ် ခွဲခြားမှု ရှိနေဆဲဟု ကူလီဘာလေပြော

ဘောလုံးလောကတွင် အာဖရိက ကစားသမားများအပေါ် ခွဲခြားမှု ရှိနေဆဲဟု ကူလီဘာလေပြော

နာပိုလီအသင်းခံစစ် ကစားသမား ကူလီဘာလေက ဘောလုံးလောကတွင်   အာဖရိကကစားများအပေါ် ခွဲခြားမှု ရှိနေဆဲဖြစ်သည့်အတွက် အာဖရိကမှ ကစား သမားများ အနေဖြင့်   တခြားသူများထက်  နှစ်ဆကြိုးစား ရလိမ့်မည်ဖြစ်ကြောင်း   ဝေဖန်ပြောဆိုခဲ့ သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က  Ballon  d'Or  ဆု အတွက်  ဆန်ခါတင် ကစားသမားစာရင်းတွင် ချယ်လ်ဆီးအသင်းမှ   ဆီနီဂေါလက်ရွေးစင်  အသင်းဖော် ဂိုးသမား မန်ဒီပါဝင်လာခြင်း မရှိဘဲ အီတလီအသင်းမှ  ဂိုးသမား  ဒွန်နာရမ်မာ ပါဝင်လာသည့်အတွက်  ကူလီဘာလေက  ယခုကဲ့သို့    ဝေဖန်ပြောဆိုခြင်း ဖြစ်သည်။

မန်ဒီအနေဖြင့်    ပြီးခဲ့သည့် ဘောလုံးရာသီက ချယ်လ်ဆီးအသင်းနှင့် အတူ  အံ့အားသင့်ဖွယ်  စွမ်းဆောင်ရည်ကောင်းများ ပြနိုင်ခဲ့သော်လည်း Ballon d'Orဆုအပြင်   အကောင်းဆုံး ဂိုးသမားဆုတွင်ပါ ပါဝင်လာခြင်း မရှိကြောင်း သိရသည်။