အင်တာမီလန်အသင်းက အသင်းတိုက်စစ်ပိုင်း အင်အားဖြည့်တင်းနိုင်ရေး တိုရီနိုအသင်းမှ ဘာလော့တီကို ကမ်းလှမ်းရန် ပြင်ဆင်လာ

အင်တာမီလန်အသင်းက အသင်းတိုက်စစ်ပိုင်း အင်အားဖြည့်တင်းနိုင်ရေး တိုရီနိုအသင်းမှ ဘာလော့တီကို ကမ်းလှမ်းရန် ပြင်ဆင်လာ

အင်တာမီလန်အသင်းက အသင်းတိုက်စစ်ပိုင်း အင်အားဖြည့်တင်းသည့် အနေဖြင့် လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင်   တိုရီနိုအသင်းမှ   ဘာလော့တီကို  ကမ်းလှမ်းရန်ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ် ဘာလော့တီသည် တိုရီနိုအသင်းနှင့်   ယခုဘောလုံးရာသီ ကုန်ဆုံးလျှင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး    တိုရီနိုအသင်းက  သက်တမ်းတိုးစာချုပ်  ချုပ်ဆိုရန် ကမ်းလှမ်းသော်လည်း ဘာတော့တီကိုယ်တိုင်က  ငြင်းဆိုနေသည့် အတွက် ဘောလုံးရာသီပြီးဆုံးလျှင် အလွတ်ပြောင်း ရွှေ့ကြေးဖြင့် လက်လွှတ်ရမည့် အခြေအနေကြောင့် တိုရီနိုအသင်းက  နည်းပါးသည့် ပြောင်းရွှေ့ကြေးဖြင့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ဘာလော့တီသည်   ၂ဝ၁၅  ခုနှစ်ကတည်းက တိုရီနိုအသင်းတွင် ကစားခဲ့ပြီး  စီးရီးအေထိပ်သီး တိုက်စစ်မှူး တစ်ဦးအဖြစ်  ဘောလုံးရာသီတိုင်း    ခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း ဆုဖလားဆွတ် ခူးနိုင်ခဲ့ခြင်း မရှိသည့်အတွက် အစောပိုင်းနှစ်များ ကတည်းက  အသင်းနှင့်လမ်းခွဲရန်  ပြင်ဆင်နေသူ ဖြစ်သည်။

အင်တာမီလန်အသင်းကလည်း   ပြီးခဲ့သည့် နွေရာသီ  ကစားသမား အပြောင်းအရွှေ့ကာလက လူကာကူကို ထွက်ခွာခွင့်ပေးခဲ့ပြီး ရိုးမားအသင်းမှ  ဒီဇီကိုအား ခေါ်ယူအင်အား ဖြည့်တင်းခဲ့သော်လည်း ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ ကာလတွင်   တိုက်စစ်မှူး ဆန်းချက်ဇ်ကို ထွက်ခွာခွင့်ပေးထား သည့်အတွက် ၎င်း၏ နေရာ၌ အစားထိုးရန် စီးရီးအေ ပြိုင်ပွဲတွင် အတွေ့အကြုံရှိသည့် ထိပ်တန်းတိုက်စစ်မှူး ဘာလော့တီကို ခေါ်ယူရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။