ကျူးဘားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး

ကျူးဘားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး

ကျူးဘားနိုင်ငံဆိုသည်မှာတ္တလန္တိတ်သမုဒ္ဒရာကာရစ်ဘီယမ်ပင်လယ်ထဲမှာတည်ရှိတဲ့   ပိန်ဘာသာစကားပြောသော ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး ၂၁ ရာစုတွင် ကျန်ရှိနေသေးသော ကွန်မြူနစ်နိုင်ငံ (၅)နိုင်ငံအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခြားကွန်မြူနစ်နိုင်ငံ  များမှာ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ဖြစ်ပါတယ်။ ကျူးဘားနိုင်ငံ၏  လူဦးရေ ၁၃ သန်းခန့်ရှိပြီး ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်ရှိကာ အဓိကထုတ်ကုန်များကတော့ ကော်ဖီ၊ သကြားတို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လည်း အလွန်အောင်မြင်ကြောင်းသိရပါတယ်။ ကျူးဘား နိုင်ငံရဲ့ ပျမ်းမျှလူ့သက်တမ်းက ၇၈ နှစ်ဖြစ်ကာ ပညာရေး၊ ကျန်းမာရေးတို့တွင် အခြားသော လက်တင်အမေရိက နိုင်ငံများထက် သာလွန်ကြောင်းသိရှိရပါတယ်။

ကျူးဘားနိုင်ငံဟာ ခရီးသွားလာရေးလုပ်ငန်းများ ကို အားပြုရသည်နှင့်အညီ ကိုဗစ်-၁၉  ရောဂါအား   လျင်မြန်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုယ့်အား ကိုယ်ကိုးကာ ကာကွယ်ဆေးထုတ်လုပ်ရေးလုပ်ဆောင် လျက်ရှိပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်  အပြည့်ထိုးနှံပြီးသူမှာ  ၅၁ ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ပါတယ်။   နိုဝင်ဘာလကုန် တွင်  ကျူးဘားလူဦးရေ၏  ၉၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ရန် ဦးတည်လုပ်ဆောင်လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန် အထိ ကျူးဘား နိုင်ငံ  ကိုဗစ်-၁၉ တွေ့ရှိမှုမှာ ရှစ်သိန်းကျော်ရှိခဲ့ပြီး သေဆုံးမှုမှာ   ခုနစ်ထောင်ကျော်ခန့်ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်  စက်တင်ဘာလလယ်မှစ၍  ကျူးဘား နိုင်ငံမှာ  အသက် ၂ နှစ်အထက် ကလေးငယ်များကို ပြည်တွင်းထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင် ထိုးနှံ ပေးလျက်ရှိပါတယ်။

ယခုအခါ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရေးကြိုးပမ်း နေသည့်နို င်ငံစုံမှ  စမ်းသပ်ဆဲ ကာကွယ်ဆေးအမျိုးအစားပေါင်း ၂၀၀ ကျော်ရှိသည့် အနက် ၂၃ မျိုးမှာ စမ်းသပ်မှုအဆင့် (၃)ကိုလွန်မြောက် ကာ အများပြည်သူကို ထိုးနှံပေးမှုများ လုပ်ဆောင်လျက် ရှိပါတယ်။ ၎င်း ၂၃ မျိုးထဲတွင် ကျူးဘားနိုင်ငံထုတ် ကာကွယ်ဆေး နှစ်မျိုးလည်းပါဝင်ပါတယ်။ ကျူးဘား နိုင်ငံထုတ်ကာကွယ်ဆေးနှစ်မျိုးမှာ  ဆိုဘရာနာ-၂ (Soberana-2)နှင့် အပ်ဘ်ဒါလာ(Abdala)တို့ဖြစ်ပါတယ်။  ဆိုဘရာနာကတော့ စပိန် စကားလုံးဖြစ်ပြီး  အဓိပ္ပာယ်ကတော့ အချုပ်အခြာဟုဆိုလိုပါတယ်။ အပ်ဘ်ဒါလာ ကတော့ မျိုးချစ်ကဗျာတစ်ပုဒ်ရဲ့နာမည် ဖြစ်ကြောင်းသိရပါတယ်။  ဗီယက်နမ်နိုင်ငံ သမ္မတရဲ့  သြဂုတ်လအတွင်း    ကျူးဘားခရီးစဉ်အပြီးမှာ  အပ်ဘ်ဒါလာ ကာကွယ် ဆေးများဝယ်ယူဖို့ သဘောတူခဲ့ကြောင်းလည်း သိရပါတယ်။  ထို့ပြင် ဗင်နီဇွဲလား နိုင်ငံသည်လည်း ကျူးဘားထုတ် အပ်ဘ်ဒါလာ(Abdala)  ကာကွယ်ဆေးကို ဝယ်ယူထိုး နှံပေးလျက်ရှိပါတယ်။ ကျူးဘားနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ပိတ်ဆို့မှု နှင့် နိုင်ငံတကာဈေးကွက်တွင် ဆေးဝါးဈေးများကြီးမြင့်မှုတွေကြောင့် ယခင်ကတည်း ကပင် ဆေးဝါးများကို နိုင်ငံအတွင်းထုတ်လုပ်သုံးစွဲပါတယ်။ ကျူးဘားနိုင်ငံ အတွင်း ဆေးဝါးသုံးစွဲမှု၏ ၇၀ ရာခိုင်နှုန်းမှာ ပြည်တွင်း ထုတ်ဆေးဝါးများသာဖြစ်ပါတယ်။ ကျူးဘားနိုင်ငံအတွင်း ဆေးတက္ကသိုလ်များ၊  ဆေးသုတေသနဌာနများနှင့်  ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည် ကွန်ရက်သဖွယ်အမြဲချိတ်ဆက်၍   အချက် အလက် ဖလှယ်လုပ်ဆောင်မှုများရှိခဲ့သောကြောင့် ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါ ဖြစ်ပွားချိန်တွင် ကာကွယ်ဆေးများထုတ်လုပ်မှုအပါအဝင် အခြား ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကာကွယ်ဆေးများ၏လုပ်ဆောင်ချက်မှာ အဓိကအားဖြင့် လူ့ခန္ဓာကိုယ်ရှိ ခုခံဆဲလ်များ သို့မဟုတ် ကိုယ်ခံ စွမ်းအားဖြစ်စေသည့် ပဋိပစ္စည်းများမှတစ်ဆင့် ရောဂါပိုး၏ ဝိသေသ အား မှတ်သားထားစေကာ အကယ်၍ ၎င်းရောဂါပိုးဝင်ရောက်လာပါက  အချိန်မီ တိုက်ထုတ်ပစ် နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။   ထိုသို့လုပ်ဆောင် နိုင်ရန်အတွက်   ကာကွယ်ဆေးများထုတ်လုပ်သည့် နည်းစနစ်များကို ကြံဆလုပ်ဆောင်လျက်ရှိကြ ပါတယ်။

ကမ္ဘာပေါ်တွင်လက်ရှိထုတ်လုပ်နေသော   ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှုနည်း စနစ်မှာ အဓိကအားဖြင့် လေးမျိုးရှိပါတယ်။ ၎င်းင်းတို့မှာ-

(က)   သာမန်အအေးမိတုပ်ကွေးဖြစ်စေသောဗိုင်းရပ်ကို   အန္တရာယ်မရှိအောင်  စီမံပြု လုပ်ကာ  ၎င်းတွ င် ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး၏ အဓိကမျိုးဗီဇဖြစ်သည့် ပရိုတိန်းအချွန် (Spike Protein)ကိုတပ်ဆင်ကာ လူ့ခန္ဓာကိုယ်အတွင်း  ထိုးသွင်းကာ  ကိုယ်ခံ စွမ်းအားထွက်အောင်ပြုလုပ်ပေးသည့် ကာကွယ်ဆေးအမျိုးအစား(ဥပမာ- Sputnik V, COVISHIELD)။

(ခ)     ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး၏ မျိုးဗီဇအစိတ်အပိုင်း (mRNA)ကို အရည်တစ်မျိုး ဖြင့်ရောပြီး ခန္ဓာကိုယ်အတွင်းထိုးသွင်းကာ ခန္ဓာကိုယ် ဆဲလ်များမှ ကိုဗစ်-၁၉ မျိုးဗီဇအားထုတ်လုပ် စေကာ ၎င်းမှတစ်ဆင့် ကိုယ်ခံစွမ်းအားထွက် အောင်ပြု လုပ်ပေး သည့်  ကာကွယ်ဆေးအမျိုးအစား(ဥပမာ- Pfizer, Moderna)။

(ဂ)    ကိုဗစ်-၁၉  ဗိုင်းရပ်ပိုးကို  သက်မဲ့အောင် ပြုလုပ်ကာ   ခန္ဓာကိုယ်အတွင်း ထိုးသွင်း ပြီး ကိုယ်ခံစွမ်းအားထွက်လာအောင် လှုံ့ဆော်ပေးသည့်အမျိုးအစား (Sinopharm, Sinovac, Covaxin)။

(ဃ)   ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး၏ ပရိုတိန်းတစ်စိတ် တစ်ပိုင်းကို အစွမ်းမဲ့အောင် ပြုလုပ် ထားသော ဗက်တီးရီးယားပိုးတစ်မျိုးမျိုး   သို့မဟုတ်  အခြားပိုး တစ်မျိုးမျိုး တွင်ပေါင်း စပ်ကာ ခန္ဓာ ကိုယ်အတွင်းထိုးသွင်းကာ  ကိုယ်ခံစွမ်းအား ထွက်အောင်ပြုလုပ်ပေးသည့်  ကာကွယ်ဆေး အမျိုးအစား (ဥပမာ- Novavax)။

ကျူးဘားနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ဦးတည် ဆောင်ရွက်ခဲ့ရာ ကာကွယ် ဆေးအမျိုးအစားငါးမျိုးထိ စမ်းသပ်မှုများပြုလုပ်ခဲ့ပါတယ်။ ၎င်းင်းအမျိုးအစားငါးခုလုံးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး၏ပရိုတိန်းတစ်စိတ်တစ်ပိုင်းကို အစွမ်းမဲ့အောင်ပြုလုပ် ထားသော ဗက်တီးရီးယားပိုးတစ်မျိုးမျိုး သို့မဟုတ် အခြားပိုး တစ်မျိုးမျိုးတွင်ပေါင်းစပ်ကာ    ခန္ဓာကိုယ်အတွင်းထိုးသွင်းကာ ကိုယ်ခံစွမ်းအား ထွက် အောင် ပြုလုပ်ပေးသည့် ကာကွယ်ဆေးအမျိုးအစား (Protein Subunit )ဖြစ်ပါတယ်။ ၎င်းတို့အနက် နှစ်မျိုးမှာ  စမ်းသပ်မှုအဆင့်(၃) အောင်မြင်ပြီးဖြစ်ကာ စီးပွားဖြစ် ထုတ်လုပ်ဖြန့်ချိရေးလုပ်ဆောင်နေပြီဖြစ်ပါတယ်။  ၎င်းတို့မှာ အပ်ဘ်ဒါလာ (Abdala) နှင့် ဆိုဘရာနာ-၂ တို့ ဖြစ်ပြီး အပ်ဘ်ဒါလာ(Abdala)က သုံးကြိမ်ထိုးရကာ ထိရောက်မှုမှာ ၉၂ ဒသမ၂၈ ရာခိုင်နှုန်းဖြစ်ကြောင်းသိရပါတယ်။ ဆိုဘရာနာ-၂ ကတော့ နှစ်ကြိမ်ထိုးရကာ ၆၂ ရာခိုင်နှုန်းထိရောက်မှုရှိကြောင်းသိရပါတယ်။ အကယ်၍ ဆိုဘရာနာ ပလပ်စ် (Soberana plus)ကို  အားဖြည့်ထိုးနှံမည်ဆိုပါက ၉၁ ဒသမ ၂ ရာခိုင်နှုန်း ထိရောက်မှုရှိမည်ဖြစ်ပါတယ်။ အပ်ဘ်ဒါလာ(Abdala)  ကာကွယ်ဆေး ကတော့ နှစ်ပတ်ခြား သုံးကြိမ်ထိုးနှံပေး ရမှာဖြစ်ပြီး ဆိုဘရာနာ-၂ ကာကွယ်ဆေး ကတော့  လေးပတ်ခြားထိုးနှံရန်ဖြစ်ပါတယ်။ ကျူးဘားနိုင်ငံဟာ ဖီဒယ်ကက်စထရို လက်ထက် ၁၉၈၀ ပြည့်နှစ်ဝန်းကျင် ကာလများကတည်းက ၎င်းင်းရဲ့ဇီဝနည်း ပညာကဏ္ဍတွင်   အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်မြှုပ်နှံကာ တိုးတက်ရေး ဆောင်ရွက်ခဲ့သဖြင့် ဇီဝနည်းပညာဆိုင်ရာ တိုးတက် ဖွံ့ဖြိုးမှုရှိနေပြီးဖြစ်ကာ  တိုင်းပြည်ရဲ့ကာကွယ်ဆေး  အမျိုးမျိုးထိုးနှံမှု၏  ၈၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းဖြစ် ကာကွယ်ဆေးများနဲ့သာ ဖြည့်တင်းဆောင်ရွက်ခဲ့ရတာ ဖြစ်ကြောင်းသိရပါတယ်။ ကျူးဘားနိုင်ငံတွင် ထိုးနှံ

ပေးလျက်ရှိသော ရောဂါကာကွယ်ဆေးအမျိုးပေါင်း (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ တီဘီ၊ အသည်းရောင်ရောဂါ၊ ပိုလီယို စသည့် ၁၁ မျိုးရှိသည့်အနက် ရှစ်မျိုးခန့်မှာ ကျူးဘားနိုင်ငံပြည်တွင်းထုတ်များဖြစ်ကြောင်းသိရပါတယ်။ အမေရိကန် ပြည်ထောင်စု နဲ့ ၎င်းရဲ့မဟာမိတ်များ၏ ကာလရှည်ပိတ်ဆို့မှုများကြောင့် ကျန်းမာရေး ဆိုင်ရာ ဆေးဝါးများနှင့်  ဆေးပစ္စည်းများအပါအဝင် ဆရာဝန်များကို  နိုင်ငံအတွင်း၌သာ လုံလောက်စွာ  ထုတ်လုပ်နိုင်အောင်နှင့် မွေးထုတ်နိုင်အောင် စီမံဆောင် ရွက်နေရ တာဖြစ်ပါတယ်။  ကျူးဘားထုတ် ကိုဗစ်-၁၉  ကာကွယ်ဆေးများနှင့်ပတ်သက်လို့ ထောက်ခံအတည်  ပြုချက်များမရှိထားသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိ အမှတ်ပြုရရှိရန် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

ကျူးဘားကထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ် ဆေးများထုတ်လုပ်သည့် နည်းပညာဟာ ရိုးရှင်းပြီး သမားရိုးကျဆန်ကာ  ကုန်ကျစရိတ်လည်းနည်းပါးပါ တယ်။ ထို့ပြင် အလွန်အမင်းအေးခဲသည့် အခန်းများဖြင့် သိုလှောင်ထားရန်မလိုဘဲ  သာမန် ကာကွယ်ဆေး များကဲ့သို့ပင် ၂-၈ ဒီဂရီစင်တီဂရိတ်တွင် ထားသိုနိုင်သောကြောင့် သယ်ယူပို့ဆောင်ဖြန့်ဖြူးရန်လွယ်ကူပါတယ်။ ကျူးဘားဟာ သူ့ရဲ့ကာကွယ်ဆေးကို ထိုးနှံရန် အတွက်ဖြစ်စေ၊ ထုတ်လုပ်ရန်အတွက်ဖြစ်စေ နိုင်ငံတကာကို တင်ပို့ ရောင်းချပေးတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ အီရန်၊ ဂျမေကာ၊ မက္ကဆီကို၊ ဗီယက်နမ် နှင့်အာဂျင်တီးနားနိုင်ငံတို့က ၎င်းကာကွယ်ဆေးများထုတ်လုပ်ထိုးနှံ ပေးနိုင်ရေး စိတ်ဝင်တစားလုပ်ဆောင်နေကြပါတယ်။ ကျူးဘားနိုင်ငံသည် ဦးနှောက်အမြှေးရောင် ကာကွယ် ဆေးအပါဝင် ကာကွယ်ဆေးများကို သန်းရာနှင့်ချီ၍ နိုင်ငံပေါင်း လေးဆယ် ကျော်ကို တင်ပို့ရောင်းချပေးလျက် ရှိပါတယ်။

ကျူးဘားထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ပတ်သက်၍ အချက်အလက်များ ထပ်မံထုတ်ပြန်ပေးရန် လိုအပ်ကြောင်း   ကမ္ဘာ့ကာကွယ်ဆေးဆိုင်ရာအဖွဲ့ အစည်းများ က တောင်းဆိုထားကြပါတယ်။ ကျူးဘား နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စီးပွားရေး ကျဆင်းလာမှုနှင့်အတူ ပြည်သူလူထု၏ အထွေထွေ မကျေနပ်ချက်များ ကြီးထွားလာနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းက မြို့တော် ဟာဗားနားမှာဖြစ်ပွားခဲ့တဲ့ လူစုလူဝေးဖြင့် ဆန္ဒပြမှုကြီးများကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း ပိုမိုမြင့်မားလာခဲ့ပါတယ်။ ထို့ကြောင့်  ကျူးဘားအနေဖြင့်  ပြည်တွင်းထုတ်  ကိုဗစ်-၁၉ ကာကွယ်ဆေးများ အလျင်အမြန်ထိုးနှံပေး ရေးလုပ်ဆောင်ကာ ကူးစက်မှုကို ထိန်းချုပ် နိုင်ရေး လုပ်ဆောင်နေကြပါတယ်။ အကယ်၍ ကျူးဘားနိုင်ငံ ထုတ်ကာကွယ်ဆေးများ ဟာ ကြော်ငြာထားသကဲ့သို့ ထိရောက်ကောင်းမွန်ကာ လျင်လျင်မြန်မြန်ထိုးနှံပေးနိုင် မည်ဆိုပါက ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်မည် ဖြစ်သလို ပြည်သူလူထုကို စိတ်ပိုင်းဆိုင်ရာဖြေလျှော့ ပေးနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။   ။