ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး အမျိုးသမီးသင်တန်းသူများအလိုရှိသည်

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး အမျိုးသမီးသင်တန်းသူများအလိုရှိသည်

၁။လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

    (က)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

    (ခ)လျှောက်ထားသူသည် ၁-၁-၂ဝ၂၂ ရက်နေ့တွင် အသက် ၁၆ နှစ်ပြည့်ပြီး ၁၉ နှစ်ထက်မကြီးရ။

    (ဂ)တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

    (ဃ)မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

    (င)အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။

(အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အားခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)

၂။လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ (Myawady Webportal (www.myawady.net.mm/Sgt(female))တွင် Downloadရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့် အတူ ၅-၁ဝ-၂ဝ၂၁ ရက်နေ့မှ ၂၄-၁ဝ-၂ဝ၂၁ ရက်နေ့အတွင်း နီးစပ်ရာ တပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

    (က)နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

    (ခ)တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။(အမှတ်စာရင်းတင်ပြရမည်။)

    (ဂ)အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/ မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့   မတိုင်မီ တစ်လအတွင်း ရရှိသည့် ထောက်ခံစာ(မူရင်း)။

    (ဃ)တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ(၃)ပုံ။

    (င)အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။

    (စ)မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။

၃။သတ်မှတ်ချက်များနှင့်ပြည့်စုံသူများအား စစ်ရေးချုပ်ရုံး၊ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့မှ ပဏာမရွေးချယ်ပါမည်။ ပဏာမရွေးချယ်ခံရသူများအား တိုင်းစစ်ဌာနချုပ်အစီအစဉ်ဖြင့် လေ့ကျင့်ပေးမည့် သင်တန်းကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။

၄။ သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ အခြေခံရုံးလုပ်ငန်းစည်းမျဉ်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာဒီပလိုမာ Dip.C.S(Diploma in Computer Studies) ချီးမြှင့်ပေးမည်။

၅။  သင်တန်းကာလ ၂ နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ် လစာ(၁၄၄ဝဝဝ)ကျပ်ကို လည်းကောင်း၊ ခြေလျင်တပ်သားသစ် သင်တန်းပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ တပ်သားအခြေခံလစာ (၁၅ဝဝဝဝ)ကျပ်ကို လည်းကောင်း ရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း)[အခြေခံလစာ(၂ဝ၄ဝဝဝ)ကျပ်၊ အရည်အချင်းလစာ(၄ဝဝဝ)ကျပ်၊ M.H.R.A (၁ဝဝဝဝ)ကျပ်၊ စုစုပေါင်း(၂၁၈ဝဝဝ)ကျပ်ရရှိမည်။]

၆။     တပ်မတော်(ကြည်း၊ရေ၊လေ)တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) အဆင့်/အတန်း တိုးမြှင့်ရေး စည်းမျဉ်းနှင့်အညီ လုပ်သက် ၂ နှစ်ပြည့်သည့်အခါ အဆင့်/အတန်း တိုးမြှင့်ရေး စာမေးပွဲသို့ ဝင်ရောက် ဖြေဆိုခွင့်ရှိ၍ စာမေးပွဲအောင်မြင်ပါက အောက်ဖော်ပြပါ အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါလစာ၊ စရိတ်များရရှိမည်-

                                     အဆင့်အတန်း                           အခြေခံ     အရည်အချင်း  M.H.R.A           ပေါင်း

                                                                                     လစာ        လစာ

    (က) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ဒုတိယတန်း) ၂ဝ၄ဝဝဝ        ၆ဝဝဝ          ၁ဝဝဝဝ       ၂၂ဝဝဝဝ

    (ခ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ပထမတန်း)     ၂ဝ၄ဝဝဝ        ၈ဝဝဝ         ၁ဝဝဝဝ       ၂၂၂ဝဝဝ

    (ဂ) ဒုတိယအရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                 ၂၄ဝဝဝဝ       ၈ဝဝဝ         ၁ဝဝဝဝ       ၂၅၈ဝဝဝ

    (ဃ) အရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                         ၂၅၈ဝဝဝ       ၈ဝဝဝ         ၁ဝဝဝဝ       ၂၇၆ဝဝဝ

မှတ်ချက်။  နှစ်တိုးလစာကို ၂ နှစ်လျှင်(၂ဝဝဝ)ကျပ်နှုန်းဖြင့် (၁ဝဝဝဝ)ကျပ်အထိ ခံစားခွင့်ရှိသည်။

၇။        တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် အဆင်ပြေစွာဖြေဆိုနိုင်သည်။

မှတ်ချက်။     အသေးစိတ်သိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။