တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းများဆောင်ရွက်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းများဆောင်ရွက်

 
နေပြည်တော်၊ အောက်တိုဘာ - ၁၅

 
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မဟာဗောဓာရုံပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့ရှိ မဟာဝိဟာရကျောင်းကြီးကျောင်းတိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်၊ မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ရှိ ညောင်ငါးလီဓမ္မဓိဋ္ဌာန် တပ်ဦးကျောင်းတိုက်၊ ပေါင်မြို့နယ်၊ အုန်းတစ်ပင်ကျေးရွာရှိ သာသနာ့လင်္ကာရ ကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့နယ်၊ အုန်းပင်ကွင်း ကျေးရွာရှိ ဝေနယျသုခကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ၂/က ရပ်ကွက်ရှိ စက္ကဝဠာကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ကျိုက်ဒေးဝ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မရမ်းကျောင်းတိုက်၊ အင်္ဂပူမြို့ရှိ ဝိပဿနာဓုရဖားအောက်တောရ ဗုဒ္ဓသာသနာရိပ်သာကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃ ရှိ တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကွဲ ကျေးရွာရှိ ကျောက်ကွဲဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မရမ်းကျောင်းတိုက်ရှိ သံဃာတော် များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။