ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19  ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် အဋ္ဌမအကြိမ်တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား တွေ့ဆုံအမှာ စကားပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19  ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် အဋ္ဌမအကြိမ်တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား တွေ့ဆုံအမှာ စကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ - ၁၂
    
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ အထူးကုဆေးရုံဝေဘာဂီ နှင့် ကုသရေးဆေးရုံများ၌ COVID-19 ရောဂါ  (Quarantine)ဆောင်ရွက်ထားရှိသည့် သံသယလူနာများမှ ရောဂါပိုးတွေ့ရှိသူများ တိုးပွားလာသဖြင့် ကျန်းမာရေးဝန်ထမ်းများ မလုံ လောက်မှုကြောင့် အသစ်ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှပါဝင်ကူညီ ဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများနှင့် ဆေးမှူးဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့က သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည်။
    
အဆိုပါ လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် သတ္တမ အကြိမ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူး ဆရာဝန်များ ပါဝင်သော ၃၀ ဦးနှင့် တာဝန်လဲလှယ်ထမ်းဆောင်ရန် အဋ္ဌမအကြိမ် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား ယနေ့နံနက် ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်ရှိ Theater  ခန်းမ၌ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်သည့်ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေ အနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးက သွားရောက်တာဝန် ထမ်းဆောင်မည့် ဆေးဝန်ထမ်းအဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 
    
လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တာဝန် ထမ်းဆောင်ကြမည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၌ မေ့ဆေးပါရဂူ ၂ ဦး၊ ဓာတ်မှန်ပါရဂူ ၁ ဦး၊ ရောဂါဗေဒပါရဂူ ၁ ဦး၊ ဆေးကုသမှုပါရဂူ ၂ ဦး၊ ဆေးမှူးဆရာဝန် ၆ ဦး၊ သူနာပြုအရာရှိ ၁၆ ဦး၊ အထက်တန်းသူနာပြု ၇ ဦး၊ ဓာတ်ခွဲကျွမ်းကျင် ၂ ဦးနှင့် ဓာတ်မှန်ကျွမ်းကျင် ၃ ဦး  စုစုပေါင်း ၄၀ ဦးတို့ပါဝင်ပြီး ၎င်းတို့သည် အများပြည်သူများ အခက်အခဲကြုံတွေ့ပြီး စိုးရိမ်စိတ်များ မြင့်တက်နေချိန်တွင် ရောဂါဝေဒနာခံစားနေရသော ပြည်သူများကို ကာကွယ်၊ ကုသနိုင်ရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
    
အဆိုပါ လှည်းကူးမြို့နယ် COVID-19  ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှ ဆေးအဖွဲ့များ သွားရောက်တာဝန်ထမ်းဆောင်မှုအနေဖြင့် ဧပြီ ၁၉ ရက်တွင် ပထမအကြိမ်၊ မေ ၉ ရက်တွင် ဒုတိယအကြိမ်၊ မေ ၃၀ ရက်တွင် တတိယအကြိမ်၊ ဇွန် ၂၀ ရက်တွင် စတုတ္ထအကြိမ်၊ ဇူလိုင် ၁၁ ရက်တွင် ပဉ္စမအကြိမ်၊ သြဂုတ် ၁ ရက်တွင် ဆဌမအကြိမ်၊ သြဂုတ် ၂၂ ရက်တွင် သတ္တမအကြိမ် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအကြိမ် အပါအဝင် စုစုပေါင်း ၈ ကြိမ်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။