မိုင်းတုံမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ 

မိုင်းတုံမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ 

နေပြည်တော်၊ စက်တင်ဘာ  - ၁၂
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များက မိုင်းတုံမြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
    
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ မိုင်းတုံမြို့နယ်စစ်မှုထမ်းဟောင်းရုံး ဆောက်လုပ်ရန်အတွက် ဘိလပ်မြေ ၁၀၀ အိတ်နှင့် သွပ်အချပ် ၆၀ တို့ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။