ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဆုအတွက် ရေပန်းစားမှု စာရင်းတွင် ဘိုင်ယန်မြူးနစ် အသင်းမှ တိုက်စစ်မှူး လီဝန်ဒေါစကီးက ထိပ်ဆုံးမှ ဦးဆောင်
ယခုဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲများ စတင်ကျင်းပသည်မှာ အုပ်စုပွဲစဉ် (၃) ရောက်ရှိလာရာ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဆု အတွက် ရေပန်းစားမှုစာရင်းတွင် ဘိုင်ယန်မြူးနစ် အသင်းမှ တိုက်စစ်မှူး လီဝန်ဒေါစကီးက ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃) ပွဲစဉ်များ မကစားမီ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် အေဂျက် အသင်းမှ ဟယ်လာက ငါးဂိုးဖြင့် ဦးဆောင်နေသော် လည်း လီဝန်ဒေါစကီးက သွင်းဂိုးလေးဂိုးဖြင့် ဒုတိယ နေရာ၌ ရပ်တည်နေခြင်းဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဆုအတွက် ရေပန်းစားမှု စာရင်းတွင် လီဝန် ဒေါစကီး၏ နောက်တွင် အေဂျက်အသင်းမှ ဟယ်လာ က အဆင့် (၂)၊ လီဗာပူးအသင်းမှ ဆာလက်ချ်က အဆင့် (၃)၊ မန်ယူအသင်းမှ စီရော်နယ်ဒိုက အဆင့် (၄)၊ ဒေါ့မွန်အသင်းမှ ဟာလန်းက အဆင့် (၅)၊ ချယ်လ်ဆီးအသင်းမှ လူကာကူက အဆင့် (၆)၊ ပီအက်စ်ဂျီအသင်းမှ မက်ဆီက အဆင့် (၇)၊ ရီးယဲလ် မက်ဒရစ်အသင်းမှ ဘင်ဇီမာက အဆင့် (၈)၊ ပီအက်စ် ဂျီအသင်းမှ အမ်ဘတ်ပီက အဆင့် (၉) နှင့် နေမာက အဆင့် (၁ဝ) နေရာ၌ ရပ်တည်လျက် ရှိကြောင်း သိရသည်။