ယူရိုပါလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ပွဲတည်း သွင်းဂိုးလေးဂိုး သွင်းယူနိုင်သည့် ငါးဦးမြောက် ကစားသမားအဖြစ် လက်စတာအသင်း တိုက်စစ်မှူး ဒါကာမှတ်တမ်းဝင်
ယူရိုပါလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ပွဲတည်း သွင်းဂိုးလေးဂိုး သွင်းယူနိုင်သည့် ငါးဦးမြောက်ကစား သမားအဖြစ် လက်စတာအသင်း တိုက်စစ်မှူး ဒါကာက မှတ်တမ်းဝင်ခဲ့ပြီး ယခုဘောလုံးရာသီ ယူရိုပါလိဂ် ပြိုင်ပွဲတွင် သွင်းဂိုးအများဆုံး ကစားသမားဆုအတွက် ပါ ရေပန်းစားလာခဲ့ကြောင်း သိရသည်။
ဒါကာသည် ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားသည့် လက်စတာအသင်းက စပါးတပ်မော် စကိုအသင်းကို ၄ ဂိုး-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဒါကာက လက်စတာအသင်း အတွက် ပွဲချိန် ၄၅ မိနစ်၊ ၄၈ မိနစ်၊ ၅၄ မိနစ်နှင့် ၇၉ မိနစ်တို့တွင် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ယူရိုပါလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ၂ဝဝ၉ ခုနှစ်မှစတင်ကာ ပြိုင်ပွဲကို ပုံစံပြောင်းလဲ ကျင်းပခဲ့ပြီး နောက်ပိုင်း ဒါကာသည် ငါးဦးမြောက် တစ်ပွဲတည်း လေးဂိုးသွင်းယူ နိုင်ခဲ့သည့် စံချိန်အပြင် ဇမ်ဘီယာကစား သမားများတွင် ပထမဆုံးကစားသမား အဖြစ် စံချိန် တင်ခဲ့ခြင်းဖြစ်သည်။
ဒါကာသည် ယခုနှစ် ကစားသမား အပြောင်းအရွှေ့ ကာလတွင် လက်စတာအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ခြေစွမ်းပြလျက်ရှိကာ လက်ရှိ ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ် သုံးပွဲကစားပြီးချိန်တွင် သွင်းဂိုးလေးဂိုးဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး သွင်းဂိုးအများဆုံး ဆုအတွက်ပါ ရေပန်းစား လာခဲ့ကြောင်း သိရသည်။