ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ပဲလေ့စ်နှင့် အာဆင်နယ် အသင်းတို့ ပွဲစဉ်၌ မှားယွင်းသော ဆုံးဖြတ်ချက်ချခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး မိုက်ဒိန်းကို တာဝန်ယူခွင့် တစ်ပတ်ပိတ်ပင်

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ပဲလေ့စ်နှင့် အာဆင်နယ် အသင်းတို့ ပွဲစဉ်၌ မှားယွင်းသော ဆုံးဖြတ်ချက်ချခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး မိုက်ဒိန်းကို တာဝန်ယူခွင့် တစ်ပတ်ပိတ်ပင်

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က အောက်တိုဘာ ၁၆ ရက်က ကစားသည့် ပဲလေ့စ်နှင့်  အာဆင်နယ် အသင်းတို့ပွဲစဉ်၌    မှားယွင်းသော ဆုံးဖြတ်ချက်ချခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး  မိုက်ဒိန်းကို ယခုတစ်ပတ် အတွင်းကစားမည့် ပွဲစဉ်များတွင် တာဝန်ယူခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌  အာဆင်နယ် အသင်းနှင့်ပဲလေ့စ်အသင်းတို့ နှစ်ဂိုးစီသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး ပွဲချိန်  ၄၂  မိနစ်တွင်  ပဲလေ့စ်အသင်း ကွင်းလယ်ကစားသမား  အာသာက အာဆင်နယ်အသင်း တိုက်စစ်မှူး ဆာကာကို နောက်မှ  ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့သည့် အတွက် မဖြစ်မနေ အနီကတ်ပြ ထုတ်ပယ်ရမည်ဖြစ်သော်လည်း ကွင်းလယ်ဒိုင်လူကြီး မိုက်ဒိန်းက အဝါကတ်သာ ပြသခဲ့ခြင်းဖြစ်သည်။

လက်ရှိ   ထုတ်ပြန်ထားသည့် စည်းမျဉ်းများတွင် ကစားသမား တစ်ဦးအနေဖြင့် ဘောလုံးရယူရန် ရည်ရွယ်ချက်မပါဘဲ  တခြားကစားသမား တစ်ဦးအပေါ် ကြမ်းတမ်းစွာ ဖျက်ထုတ်ပါက တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ရမည်ဟု ပါရှိသော်လည်း ကွင်းလယ်ဒိုင်လူကြီး မိုက်ဒိန်းက အဝါကတ်သာ ပြသခဲ့ခြင်းဖြစ်သည့် အတွက် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က မှားယွင်းသော ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့်  ကွင်းလယ်ဒိုင်လူကြီး မိုက်ဒိန်းကို တာဝန်ယူခွင့်  တစ်ပတ်ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။