ဘူးသီးတောင်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေထုတ်ပေး

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံ ငွေများ ပြန်လည်ထုတ်ပေးခြင်းကို စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းတွင် မြစိမ်းရောင် စီမံကိန်းကျေးရွာများအရောက် အိမ်တိုင်ရာရောက်ထုတ်ပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့် ကျေးရွာကော်မတီဝင်များက ဒိုးတန်းကျေးရွာနှင့် ပေါက်ကျပ်ဝကျေးရွာတို့၌ အိမ်ထောင်စု ၁၀၀ စုရှိသည့်အနက်  စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၅ ဦးကို ချေးငွေကျပ် ၁၄ ဒသမ ၉သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ   ၁၂ ဦးကို ချေးငွေကျပ်  ၄ ဒသမ ၀၅ သန်း၊ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ၃၃ ဦးကို ချေးငွေကျပ် ၁၄ ဒသမ ၀၅ သန်း စုစုပေါင်းအသင်းဝင် ၈၀ ဦးတို့အတွက် ချေးငွေကျပ် ၃၃ သန်းကိုထုတ်ချေးပေးသည်။

အဆိုပါချေးငွေများကို ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့် အညီ အိမ်တိုင်ရာရောက်စနစ်တကျထုတ်ချေးပေးကြောင်းသိရသည်။