ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လေးပွဲဆက် ပါဝင်ခွင့်ရရှိခဲ့ပြီး လေးပွဲဆက် ဂိုးသွင်းယူနိုင်သော အင်္ဂလန် ကစားသမားအဖြစ် ဘန်ချီဝဲလ် မှတ်တမ်းဝင်

ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လေးပွဲဆက် ပါဝင်ခွင့်ရရှိခဲ့ပြီး လေးပွဲဆက် ဂိုးသွင်းယူနိုင်သော အင်္ဂလန် ကစားသမားအဖြစ် ဘန်ချီဝဲလ် မှတ်တမ်းဝင်

၂ဝ၁၃ ခုနှစ်က လမ်းပတ်ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌     လေးပွဲဆက်ပါဝင် ကစားခွင့်ရရှိခဲ့ပြီး လေးပွဲဆက် ဂိုးသွင်းယူနိုင်သော အင်္ဂလန် ကစားသမားအဖြစ် ချယ်လ်ဆီးအသင်း ခံစစ်ကစားသမား ဘန်ချီဝဲလ်က မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် အောက်တိုဘာ ၂၃ ရက်ညပိုင်းက ကစားသည့် ချယ်လ်ဆီးအသင်းနှင့်  နောဝှစ်ချ်အသင်းတို့ ပွဲစဉ်တွင် ချယ်လ်ဆီး အသင်းက  ခုနစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး  ဘန်ချီဝဲလ်က  ၅၇ မိနစ်တွင်   တစ်ဂိုးသွင်းယူ နိုင်ပြီးနောက်  ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လေးပွဲဆက် ဂိုးသွင်းယူနိုင်ခြင်းဖြစ်သည်။

ဘန်ချီဝဲလ်သည်       ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နောက်ဆုံးလေးပွဲဆက် ပါဝင်ကစားခဲ့သော ပွဲစဉ်များအဖြစ်  ပြီးခဲ့သည့် ဘောလုံးရာသီပွဲစဉ်ဖြစ်သော  မေ ၂၃ ရက်က ကစားခဲ့သည့် ပွဲစဉ်၌ ပွဲချိန် မိနစ် ၇ဝ တွင် လည်းကောင်း၊ ယခုနှစ်ဘောလုံး ရာသီပွဲစဉ်များဖြစ်သော အောက်တိုဘာ ၂ ရက်က ဆောက်သမ်တန်အသင်းနှင့် ကစားသည့်ပွဲစဉ်၌ ပွဲချိန် ၈၉ မိနစ်တွင် လည်းကောင်း၊ အောက်တိုဘာ ၁၇ ရက်က ဘရန့်ဖို့ဒ်အသင်းနှင့် ကစားသည့်ပွဲစဉ်၌     ပွဲချိန် ၄၅ မိနစ်တွင်    တစ်လုံးတည်းသော အနိုင်ဂိုးကို လည်းကောင်း၊ အောက်တိုဘာ ၂၃ ရက်က နောဝှစ်ချ် အသင်းနှင့် ကစားသည့်ပွဲစဉ်၌ လည်းကောင်း ဂိုးသွင်း ယူနိုင်ပြီးနောက်   ပါဝင်ကစားခွင့် ရရှိခဲ့သည့်လေးပွဲဆက် ဂိုးသွင်းယူနိုင်ပြီး ချယ်လ်ဆီးအသင်းမှကစား သမားဟောင်း လမ်းပတ်၏စံချိန်ကို လိုက်မီနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘန်ချီဝဲလ်မတိုင်မီက  ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အင်္ဂလန်အသင်း ကစားသမားများမှ ပါဝင်ကစားခွင့် ရရှိခဲ့သည့်  လေးပွဲဆက် ဂိုးသွင်းယူနိုင်သော ကစားသမားအဖြစ်     ဂန္ထဝင်ကွင်းလယ် ကစားသမား လမ်းပတ်က   စံချိန်တင်ထားခြင်းကို   ယခုအခါ ဘန်ချီဝဲလ်က လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းက နောဝှစ်ချ်အသင်းကို ခုနစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိသည့်ပွဲစဉ် အပြီးတွင် ချယ်လ်ဆီး အသင်းအနေဖြင့် စံချိန်ကောင်းများ ထပ်မံရရှိသည်။  အဆိုပါပွဲစဉ်၌ ဘန်ချီဝဲလ်နှင့်အတူ မေဆင်မောင့်၊ ရီစီဂျိမ်းစ်နှင့် အိုဒွိုင်းတို့ကလည်း ဂိုးသွင်းယူနိုင်ခဲ့ကြ ပြီး     ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲတစ်ပွဲအတွင်း အင်္ဂလန်ကစားသမား အရေအတွက် အများဆုံးဂိုးသွင်းယူနိုင်သည့် ပွဲစဉ်အဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

အလားတူ ချယ်လ်ဆီးအသင်းသည် တစ်ပွဲအတွင်း ခြောက်ဂိုးနှင့်အထက်သွင်းယူနိုင်သည့်   ပွဲစဉ်အရေ အတွက် ၁၈ ပွဲအထိရှိလာပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ခြောက်ဂိုးနှင့် အထက်သွင်းယူနိုင် သည့် ပွဲအရေအတွက် အများဆုံး အသင်းအဖြစ်လည်း မှတ်တမ်းဝင်နိုင်ကာ  လက်ရှိတွင် ခုနစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊  တစ်ပွဲရှုံး ရမှတ် ၂၂ မှတ်ဖြင့် အမှတ်ပေး ဇယားထိပ်ဆုံးမှ  ဦးဆောင်လျက် ရှိကြောင်း သိရသည်။