အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနရှိ ဝန်ထမ်းများမှ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်ရမည့် အရာထမ်းများအား အမှာစကား ပြောကြား

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနရှိ ဝန်ထမ်းများမှ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်ရမည့် အရာထမ်းများအား အမှာစကား ပြောကြား

နေပြည်တော် အောက်တိုဘာ ၂၅

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနရှိ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်ကြရမည့် အရာထမ်းများအား အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမင်းသိန်းဇံက ဆုံးမသြဝါဒစကား ပြောကြားခြင်း အခမ်းအနားကို  ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ   ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးစိုးအောင်နှင့် ညွှန်ကြား ရေးမှူးများ၊ ရာထူးတိုး အဆင့်ဆင့်တိုးမြှင့် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများ တက်ရောက်ကြသည်။

  ဦးစွာ တက်ရောက်လာကြသည့် ဝန်ထမ်းများက   တစ်ဦးချင်း မိတ်ဆက်ကြသည်။ ထို့နောက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံက အမှာစကား ပြောကြားရာတွင် ယခုရာထူး တိုးမြှင့်ခြင်း ခံယူသူများသည် ဝန်ကြီးဌာန၏ ရာထူးတိုးဘုတ် အဖွဲ့များအား ရာထူးတိုးမြှင့်ရာတွင် ဝန်ထမ်းများ၏ ရသင့်ရထိုက်သူများအား သေချာစိစစ်၍ နစ်နာမှု မရှိစေရေး ကျောသားရင်သား မခွဲခြားဘဲ လုပ်ငန်းအပေါ်  အမှန်တကယ်ကြိုးစား ဆောင်ရွက်သူများကို ရွေးချယ်ပေးနိုင်ရေး  လမ်းညွှန်ထားကြောင်း။

ယခုရာထူးတိုးသူများသည် ထိုက်သင့်သော အရည်အသွေးများကို ပိုင်ဆိုင်၍ အဆင့်တိုးမြင့် ရရှိသူဖြစ်သည်ဟု မှတ်ယူထားကြောင်း၊   ဝန်ထမ်းများ အနေနှင့် ပေးအပ်သော တာဝန်လုပ်ငန်းကို   စနစ်တကျ လုပ်ကိုင်ဆောင်ရွက်မှု၊ တစ်ဦးချင်း ရိုးသားမှု၊   လုပ်ငန်းများ ဆောင်ရွက်မှုအပေါ်  လုပ်ရည်ကိုင်ရည် အရည်အချင်း ပေါ်မူတည်၍   ရွေးချယ်ထားခြင်း ဖြစ်ကြောင်း၊    ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်ကြမည့်  ဝန်ထမ်းများ အနေနှင့် အချို့နေရာ ဒေသများသည် လုံခြုံရေးအရ  သွားလာမှု ခက်ခဲနိုင်သဖြင့် ရုံးချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်လည် တွဲဖက်သူများ ရှိကြောင်း။

အထူးသဖြင့် အားကစားကဏ္ဍကို နိုင်ငံတော်မှ အထူးအလေးထား အားပေးဆောင် ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်းရှိ အားကစားကွင်း/ အားကစားရုံများကိုလည်း တိုးချဲ့ပြုပြင်ခေတ်မီအောင် ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း၊  သို့ဖြစ်၍ မိမိတို့အားကစား ဝန်ထမ်းများ အနေနှင့်   အထူးကြိုးစား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ အားကစားကဏ္ဍ တိုးတက်လာမှာ သေချာကြောင်း၊ ဝန်ထမ်းများ ကာယ၊ ဉာဏ၊ စွမ်းအားရှိသူများ ကြိုးစားဆောင်ရွက်စေလိုကြောင်း လမ်းညွှန်အမှာစကား ပြောကြားပြီး ဝန်ထမ်းများနှင့် အတူ  ရင်းနှီးစွာ နေ့လယ်စာ သုံးဆောင် ခဲ့ကြောင်း သိရသည်။