တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၃
    
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် ပျဉ်းမနားမြို့ဘိုးဘွားရိပ်သာသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကဝိသာရ အမှူးပြုသော သံဃာတော်များထံ  ဆက်ကပ် လှူဒါန်းကြသည်။
    
ယနေ့လှူဒါန်းမှုအနေဖြင့် ပျဉ်းမနားမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် ပျဉ်းမနားမြို့ဘိုးဘွားရိပ်သာသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၇၇၀၇၀၀၀၊ ဆန် ၆၇၃ အိတ်၊ ဆီ ၂၀၁ ပိဿာ ၉၀ ကျပ်သား၊ ပဲ ၂၀၁၉ ပိဿာ၊ ဆား ၂၀၁၉ ပိဿာ၊ ငရုတ်သီးမှုန့် ၄၆၀၀ ထုပ်၊ နနွင်းမှုန့် ၁၄၀၀ ထုပ်၊ မဆလာ ၁၄၀၀ ထုပ်နှင့် ဆေးမျိုးစုံ ၆၀၂၄ ဘူးတို့ဖြစ်ကြောင်း သိရှိရသည်။
    
အဆိုပါ လှူဖွယ်ပစ္စည်းများအား နယ်မြေခံတပ်မတော်သားများက သက်ဆိုင်ရာ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်စာသင်တိုက် များနှင့် ပျဉ်းမနားမြို့ရှိ ဘိုးဘွားရိပ်သာများသို့ လိုက်လံပို့ဆောင်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။