V- Process ဖြင့် သတ္တုပန်းကနုတ်ပန်းပုပစ္စည်းများစီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်အောင် ပေါင်းစပ်စီမံအကောင်အထည်ဖော် ဆောင်နိုင်ကြရေး

 V- Process ဖြင့် သတ္တုပန်းကနုတ်ပန်းပုပစ္စည်းများစီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်အောင် ပေါင်းစပ်စီမံအကောင်အထည်ဖော် ဆောင်နိုင်ကြရေး

မိမိစာတွေ့ဖတ်မှတ်တတ်သိနားလည်သည်များကို အခြေခံ၍ စက်မှုစက်ရုံများတွင် ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်များပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများစသည်တို့တွင် လက်တွေ့အတူလုပ်ခဲ့ကြသည့်အတွေ့အကြုံရှိကြသော အငြိမ်းစား စက်မှုအတတ်ပညာရှင်တပည့်များ၏ စွမ်းပကားဖြင့် ပြည်တွင်းပြုပြင် ထိန်းသိမ်းရေးအလုပ်ရုံတစ်ခုတွင် ဖန်တီးတည်ဆောက်ပေး ခဲ့ကြသည့် V-Process Casting စက်လိုင်းဖြင့် မျက်နှာပြင်ချောအလူမီနီယံသွန်းထည်ထုတ်လုပ်မှုကို သွန်းလောင်းခဲ့ပါသည်။

V- Process ဖြင့်ထုတ်လုပ်ထားသည့် ခင်းကျင်းပြသထားသော အလူမီနီယံသတ္တုသွန်းထည် သင်္ဘောအောက်ခြေ ရေပြင်နှင့် ကပ်နေသည့် သင်္ဘောအောက်ထပ်အခန်းအတွက် အလင်းရောင်ရစေသော/လေဝင်နိုင်စေသော ရေလုံမှန်ပြတင်းပေါက် (WaterSealed Port Hole) Port HoleRings Assembly နှင့်အခြားသွန်းလောင်းထားသည့် အလူမီနီယံသွန်းထည် ပစ္စည်းများကိုလည်း လက်တွေ့သွန်းလောင်းပြသခဲ့ပါသည်။

လေဟာနယ်ပုံလောင်းနည်းစနစ်စက်လိုင်း (V-Process Casting Line)ဖြင့် လက်တွေ့အလူမီနီယံသွန်းထည် (Alluminium Casting) သွန်းလောင်းထုတ်လုပ်နေကြသည်ကို မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းအကျိုးဆောင်ဥက္ကဋ္ဌ ဦးသန်းမြင့်နှင့် အသင်းအကျိုးဆောင် ဗဟိုအလုပ်အမှုဆောင် အင်ဂျင်နီယာများ သွားရောက်ကြည့်ရှုလေ့လာကြပြီး အသင်း အကျိုးဆောင် ဥက္ကဋ္ဌမှ ဦးဆောင် ဖန်တီး တည်ဆောက်ပေးခဲ့သော မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအကျိုးဆောင် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဉာဏ်ထွန်းဦးအား အသိမှတ်ပြု ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ပါသည်။

V-Process ဖြင့်အလူမီနီယံသတ္တုပန်းက နုတ်ပန်းပုပစ္စည်းများ စီးပွားဖြစ်ထုတ်လုပ်ခြင်း

သဲအပွင့်အရွယ်ကြီးများဖြင့် ပြုလုပ် ပုံဆောင်ထားသည့် သဲစိုပုံ (Green Sand Mould)/ဓာတုသဲပုံ (Chemical Setting Mould) စသည် ရေ၊ ချုပ်ဆေးမှုန်များဖြင့် ရောစပ်ထားသည့်  နည်းစနစ်သုံးသဲပုံဆောင်ပုံများအတွင်းသို့  သွန်းလောင်းရယူသော သွန်းထည် ပစ္စည်းများတွင် လေခိုပေါက်များ၊ အနာများပါပြီး မျက်နှာပြင်ကြမ်းသော သွန်းထည်ပစ္စည်းများ(Castings)ကိုသာ ထုတ်လုပ် နိုင်ခဲ့ကြရာမှ ယခုခေတ်ကာလတွင် ခြောက်သွေ့သော အခြားပစ္စည်းအမှုန်အမှုန့်များ၊ ရေစသည်တို့မပါဘဲ သဲပွင့်ခြောက်အနု (သဲပွင့်သေး)များ သက်သက်ဖြင့်သာ  လေဟာနယ်ပုံဆောင်ထားသည့်  သဲနုအခြောက်ပုံဆောင်ပုံ (Vacuum Mould)အတွင်းသို့ သတ္တုရည်သွန်း လောင်းထည့်ကာ လေပေါက်အနာအဆာကင်းပြီး မျက်နှာပြင်ချောလှသည့် သတ္တုသွန်းထည်များ ထုတ်လုပ်နိုင် နေကြပြီဖြစ်ပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လှေကားအတက်ဆင်းလက်ရန်း အောက်ခြေများ၏ သံပန်းနေရာအစားထိုးအဖြစ် အလူ မီနီယံပန်း ကနုတ်အလှပြား သွန်းထည်ပစ္စည်းများကိုလည်းကောင်း၊ ပြတင်းပေါက်အကာအရံ သံပန်းသံတံခါးအစား ထိုးအတွက် လည်းကောင်း၊  ကနုတ်ထုဆစ်ပုံဖော်ပုံတူ အလူမီနီယံပန်းကနုတ်အလှပြားများဖြင့် အစားထိုးခြင်းကိုလည်းကောင်း၊ ခြံစည်းရိုးအကာ အရံအတွက်ထုဆစ် အလှဖန်တီးထားသည့် ပုံတူသွန်းလောင်းသံသတ္တုစပ် (Alloy cast iron- gray castiron) အကာချပ်များအဖြစ် လည်းကောင်း V-Process Casting များဖြင့် ထုတ်လုပ်သုံးစွဲလာနေကြပြီဖြစ်ပါသည်။

နံရံကပ်အလှဆင်ရန်နှစ်သက်ရာ ဒီဇိုင်းအမျိုးမျိုး စိတ်ကြိုက်ပုံဖော်ထားသည့်  အလူမီနီယံပန်းကနုတ် အလှပစ္စည်းကိုလည်းကောင်း၊     သစ်သီးထည့် ကလပ်စသည် စသည်တို့ကိုလည်းကောင်း  မိမိတွေးခေါ်စဉ်းစားမိသည့် စိတ်ကြိုက်ကနုတ် V-Process Castings ကိုပြုလုပ် အသုံးပြုနိုင်ပါသည်။

အလှပန်းအိုးတင်၊ ပစ္စည်းတင်၊ လူထိုင်ခုံများအဖြစ်လည်း ထုတ်လုပ်သုံးနိုင်ပါသည်။ အောက်ခံပြားနှင့်ခြေထောက်များကိုလည်း ကနုတ် ထုဆစ်ဖော်ပုံတူဖော် V-Process Castings များဖြင့် အလှခုံများ အရွယ်အမြင့် အမျိုးမျိုးပြုလုပ်နိုင်ပါသည်။ ဘုရား ကျောင်းဆောင်အဆောက်အအုံများနှင့် ဘုရားခန်းအတွင်း အလှပူဇော်ရန်ပစ္စည်းများအတွက်လည်းကောင်း၊   ဘုရားခန်းအဆင့်များ အနားကွပ် ကနုတ်ပန်းချီတန်းချပ်များအဖြစ်လည်းကောင်း ပုံတူ Alluminium Casting ချပ်ပြားများကိုလည်း သွန်းလောင်း ယူနိုင်ပါ သည်။

အလူမီနီယံသွန်းထည်များအားလုံး၏ ချောနေသည့်မျက်နှာပြင်များကိုလည်း ColoursAnodizing ခေါ်အလူ မီနီယံ အရောင်တင် နည်းဖြင့် ရွှေရောင်၊ ငွေရောင်၊အပြာ၊ ခရမ်း၊ မရန်း၊ နီ၊ ဝါစသည်ဖြင့်အရောင်စုံအရောင်တင်ပေးနိုင်သဖြင့် စေတီပုထိုး၊ ကျောင်းတော် များ ဘုရားဖူးဆောင်များအတွက်  နဖူးစည်းပေါင်များ အသုံးအဆောင် ပစ္စည်းမျိုးစုံကိုလည်း ထုတ်လုပ်ပေး နိုင်ခြင်း၊ ဧည့်ခံပွဲသုံး၊   လက်ဆောင်ပေးရန် ပစ္စည်းမျိုးစုံများကိုလည်း  ဖန်တီးပေးနိုင်စွမ်းရှိပါသည်။

ဆောင်းပါးတွင်ဖော်ပြထားသော သွန်းလောင်းထားသည့် ပစ္စည်းပုံများမှာ အလူမီနီယံသွန်းထည်၊ ကြေးသွန်းထည်၊ သစ်သားပန်း ကနုတ်၊ ကြေးပြားနှင့်ပုံထုပန်းကနုတ်ပုံများကို နမူနာပြပစ္စည်းများအဖြစ် ပြသထားခြင်းသာဖြစ်ပါသည်။ ဈေးကွက်တွင် တွင်ကျယ်စွာ ဖြန့်ချိနေသည့် ပန်းပု၊ ကနုတ်ပန်းချီများ ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊  ဆောက်လုပ် ရေး ပစ္စည်းများနှင့် အိမ်အလှပြင်ပစ္စည်းများ ရောင်းချနေသည့်ဆိုင်များနှင့် V-Process Castings ထုတ်လုပ်သူများ၊ အလူမီနီယံ ပစ္စည်းများ အရောင်တင်လုပ်ငန်းလုပ်ကိုင်နေသူများ၊ ဈေးကွက်ဖြန့်ရောင်းချပေးမည့်သူများ ပူးပေါင်းပြီးဆောင်ရွက်နိုင်ရန် ဦးဆောင် စီမံ ချိတ်ဆက်နိုင်စွမ်းရှိသူက အလေးထားအကောင်အထည်ဖော်ပေးနိုင်ခဲ့ပါလျှင် အလွန်အကျိုးထူးရရှိမည့် စီးပွားရေး လုပ်ငန်းကြီး တစ်ခုဖြစ်ပါသည်။  ။

အင်ဂျင်နီယာထွန်း

Part-Time Professor (DSTA) (Medal for Excellent Performance in Industrial Economy Field, 1992)