ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်)
ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ လွန်ခဲ့သော (၁၄)ရက် အတွင်း လူဦးရေ တစ်သိန်းလျှင် ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်၍ တိုင်းဒေသကြီး/ပြည်နယ်(၉)ခုမှ အောက်ဖော်ပြပါမြို့နယ် (၄၆)မြို့နယ်ရှိ စာသင် ကျောင်းများကို ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ပြီး ကျန်မြို့နယ်များအားလုံးမှ အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအပါအဝင်)အား ၁-၁၁-၂၀၂၁ ရက်နေ့မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်-
(၁) ကချင်ပြည်နယ်
(က) နောင်မွန်းမြို့နယ်၊
( ခ) ပူတာအိုမြို့နယ်၊
( ဂ) ဗန်းမော်မြို့နယ်၊
(ဃ) မိုးကောင်းမြို့နယ်၊
( င) မိုးညှင်းမြို့နယ်၊
( စ) ချီဖွေမြို့နယ်။
(၂) ကယားပြည်နယ်
(က) ဖားဆောင်းမြို့နယ်၊
( ခ) ဘောလခဲမြို့နယ်၊
( ဂ) မယ်စဲ့မြို့နယ်။
(၃) ကရင်ပြည်နယ်
(က) ဖာပွန်မြို့နယ်၊
( ခ) သံတောင်ကြီးမြို့နယ်။
(၄) ချင်းပြည်နယ်
(က) ဖလမ်းမြို့နယ်၊
( ခ) ဟားခါးမြို့နယ်။
(၅) စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီးမြို့နယ်။
(၆) မကွေးတိုင်းဒေသကြီး
(က) ဆောမြို့နယ်၊
( ခ) ထီးလင်းမြို့နယ်၊
( ဂ) ကံမမြို့နယ်၊
(ဃ) ဆင်ပေါင်ဝဲမြို့နယ်။
(၇) မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်။
(၈) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်။
(၉) ရှမ်းပြည်နယ်
(က) နောင်ချိုမြို့နယ်၊
( ခ) ကျိုင်းတုံမြို့နယ်၊
( ဂ) မိုင်းဖြတ်မြို့နယ်၊
(ဃ) မိုင်းယောင်းမြို့နယ်၊
( င) ဆီဆိုင်မြို့နယ်၊
( စ) ပင်းတယမြို့နယ်၊
(ဆ) ပင်လောင်းမြို့နယ်၊
( ဇ) ရပ်စောက်မြို့နယ်၊
( ဈ) ဟိုပုံးမြို့နယ်၊
(ည) ကွတ်ခိုင်မြို့နယ်၊
( ဋ) နမ့်ခမ်းမြို့နယ်၊
( ဌ) မဘိမ်းမြို့နယ်၊
( ဍ) မိုင်းဆတ်မြို့နယ်၊
( ဎ) မိုင်းတုံမြို့နယ်၊
(ဏ) ကွမ်းလုံမြို့နယ်၊
(တ) လားရှိုးမြို့နယ်၊
(ထ) သိန္နီမြို့နယ်၊
( ဒ) မိုးနဲမြို့နယ်၊
( ဓ) မိုင်းပန်မြို့နယ်၊
( န) မောက်မယ်မြို့နယ်၊
( ပ) လင်းခေးမြို့နယ်၊
( ဖ) ကွန်ဟိန်းမြို့နယ်၊
( ဗ) နမ့်စန်မြို့နယ်၊
(ဘ) မိုင်းရှူးမြို့နယ်၊
( မ) လဲချားမြို့နယ်၊
(ယ) လွိုင်လင်မြို့နယ်။