ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၆၁ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကိုပြဌာန်းလိုက်သည်။
၁။ ဤဥပဒေကို တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၄ ကို အောက်ပါအတိုင်း အစားထိုး ရမည်-
“၄။ တရားလွှတ်တော်ရှေ့နေများကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(က) ပြည်ထောင်စုဝန်ကြီး/ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဋ္ဌ
ဥပဒေရေးရာဝန်ကြီးဌာန
( ခ) ပြည်ထောင်စုတရားသူကြီးချုပ်က အမည်စာရင်းတင်သွင်းသော ဒုတိယဥက္ကဋ္ဌ
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦး
( ဂ) ဒုတိယဝန်ကြီး/ဒုတိယရှေ့နေချုပ် အဖွဲ့ဝင်
ဥပဒေရေးရာဝန်ကြီးဌာန
(ဃ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမည်စာရင်း အဖွဲ့ဝင်
တင်သွင်းသော တရားလွှတ်တော်ရှေ့နေ သုံးဦး
( င) ပြည်ထောင်စုဝန်ကြီး/ပြည်ထောင်စုရှေ့နေချုပ်က အဖွဲ့ဝင်
အမည်စာရင်းတင်သွင်းသော တရားလွှတ်တော်ရှေ့နေ သုံးဦး
( စ) ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အဖွဲ့ဝင်
(ဆ) ညွှန်ကြားရေးမှူးချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာန အတွင်းရေးမှူး”
၃။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၅ ကို ပယ်ဖျက်ရမည်။
၄။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၂၀ နှင့် ပုဒ်မ ၂၁ ပါ “ပြည်ထောင်စု ရှေ့နေချုပ်ရုံး” ဆိုသည့်စကားရပ်အား “ဥပဒေရေးရာဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရ မည်။
၅။ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ၂၂ ကို အောက်ပါအတိုင်းအစားထိုး ရမည်-
“၂၂။ ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် တရားလွှတ်တော်ရှေ့နေ များကောင်စီ အဖွဲ့ဝင်များအတွက် စရိတ်ချီးမြှင့်ငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။”
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ